ရန်ကုန်၊ မြို့တော်ခန်းမအပြင်ဘက်၌ ဗုံးပေါက်ကွဲ​

(ပြည်တွင်း)စက်တင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ဆူးလေဘုရားလမ်း၊ မြို့တော်ခန်းမအပြင်ဘက်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ယနေ့နံနက် ၆နာရီ၅၀မိနစ်အချိန်ခန့်က ကျောက်တံတားမြို့နယ် မြို့တော်ခန်းမအပြင်ဘက်တွင်  ကာရံထားရှိသည့် ဘယ်ရီဂိတ်အောက်တွင် ဗုံးပေါက်ကွဲကြောင်းသိရသည်။

ဗုံးပေါက်ကွဲသည့်နေရာသို့ သက်ဆိုင်ရာတာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ကြကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့်လူထိခိုက်မှုနှင့် ပစ္စည်းဆုံးရှုံးမှုမရှိကြောင်း၊ အဆိုပါနေရာအား လူအသွားအလာကန့်သတ်ထားရှိထားကြောင်း သိရသည်။

#PAN