(မှု့ခင်း) စက်တင်ဘာ ၁၂

ပဲခူတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ညောင်အင်းစက်မှုဇုန်၊ ဖိနပ်စက်ရုံတွင် မီးလောင်မှုဖြစ်ပွားကြောင်း
မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ည ၁၀နာရီခွဲအချိန်ခန့်က ပဲခူးမြို့၊ ဥဿမြို့သစ် (၉) ရပ်ကွက်ရှိ Chen’s Myanmar ဖိနပ်စက်ရုံမှ ဖိနပ်ဖြတ်စအပိုများ သိုလှောင်ထားသည့် အဆောင်မီးလောင်မှုဖြစ်ပွားကြောင်းသဖြင့် ပဲခူးမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ မီးသတ်ရေသယ်ယာဉ်(၄)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာည ၁၁နာရီကျော်အချိန်တွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုဖြစ်စဥ်မှာ ဖိနပ်လည်သာဖြတ်စများ အပူပေးဖြတ်တောက်ရာ အပူလွန်ကဲပြီး ဘေးအနီးရှိ စက္ကူချပ်ဖားများကို မီးကူးစပ်လောင်ကျွမ်းခဲ့ကြောင်း၊ယင်းမီးလောင်မှုကြောင့် ဆုံးရူံးမူတတန်ဖိုးအား သက်ဆိုင်ရာတာဝန်ရှိသူများမှ စစ်ဆေးလျက်ရှိကြောင်းသိရသည်။