(မှုခင်း) စက်တင်ဘာ ၉
Ayeyarwaddy Times သတင်းဌာနရဲ့ သတင်းထောက်အမျိုးသမီးဟာ အယ်ဒီတာချုပ်ဖြစ်တဲ့ ထက်ခေါင်လင်း ဆိုသူရဲ့ အဓမ္မပြုကျင့်မှုဖို့ ကြိုးစားမှုကိုခံရတယ်လို့ ဗီဒီယိုရုပ်သံနဲ့ ပြောဆိုပြီး အွန်လိုင်းကနေ ထုတ်လွင့်ခဲ့ပါတယ်။
သတင်းထောက်တစ်ဦးကို Ayeyarwaddy Times တည်ထောင်တဲ့သူလည်းဖြစ် အယ်ဒီတာချုပ်ဖြစ်တဲ့ ထက်ခေါင်လင်းက အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့တယ်လို့ ထက်ထက်အောင်ဆိုတဲ့ သတင်းထောက်က ပြောဆိုခဲ့တာဖြစ်ပါတယ်။
သတင်းထောက် ထက်ထက်အောင်ရဲ့ပြောဆိုချက်အရ စက်တင်ဘာ ၈ ရက်နေ့က Ayeyarwaddy Times အယ်ဒီတာချုပ်ဖြစ်သူ ထက်ခေါင်လင်းဟာ သူနေထိုင်ရာနေရာကို လာဖို့ သတင်းထောက်အမျိုးသမီးကို ခေါ်ဆောင်ပြီး အဓမ္မပြုကျင့်ဖို့ ကြိုးစားမှုခဲ့တာကို တားမြစ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
Ayeyarwaddy Times အယ်ဒီတာချုပ်ဖြစ်သူ ထက်ခေါင်လင်းဟာ ပြည်တွင်းမှာ နေထိုင်စဉ် မြန်မာနောင်း၊ ဧရာဝတီသတင်းဌာနအပါအဝင် အခြားသော သတင်းဌာနတွေမှာ သတင်းထောက် အဖြစ်လုပ်ကိုင်စဉ် ယခုလိုဖြစ်စဉ်မျိုးရှိခဲ့ဖူးတယ်လို့သိရပြီး ၂၀၂၁ ကာလက ပြည်တွင်းဆူပူမှုဖြစ်စေဖို့ ဦးဆောင်သူခဲ့ပြီးနောက် ထိုင်းနိုင်ငံ မဲဆောက်ကို ထွက်ပြေးတိမ်းရှောင်နေတာဖြစ်ပါတယ်။
Ayeyarwaddy Times သတင်းဌာနဟာ တိုင်းပြည်တည်ငြိမ်မှုကိုအနှောင့်အယှက်ပေးကာ အကြမ်းဖက်အဖွဲ့အစည်းတွေကို အားပေး အားမြှောက်ပြုရေးသားမှုတွေကြောင့် တရာမဝင်မီဒီယာအဖြစ်ကြေညာခံရပြီး ပြည်ပြေးကာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ အခြေစိုက်နေတာဖြစ်ပါတယ်။