ရေဖြူPDF က ၁၂ ဘီးကုန်တင်ကားကိုပစ်ခတ်

(မှုခင်း) စက်တင်ဘာ ၉

ရန်ကုန်မြို့ကနေ ထားဝယ်မြို့ကို ကုန်စည်တွေတင်ဆောင်လာတဲ့ ၁၂ ဘီးကားကို PDF က ပစ်ခတ်တိုက်ခိုက်တာကြောင့် ယာဉ်နောက်လိုက်တစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်မှာနေထိုင်တဲ့ ဦးဝဏ္ဏ(၄၃)နှစ် မောင်းနှင်ပြီး သားဖြစ်သူ မောင်ဇင်မင်းခန့်(၁၅)နှစ် လိုက်ပါလာတဲ့ ၁၂ ဘီး ကုန်တင်မော်တော်ယာဉ်ဟာ ရန်ကုန်မြို့ကနေ ထားဝယ်မြို့ကို မောင်းနှင်ထွက်ခွာလာစဉ် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာအနီးအရောက်မှာ PDF တွေရဲ့ ပစ်ခတ်တိုက်ခိုက်တာကို ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၆ ရက် မွန်းလွဲ ၃ နာရီအချိန်မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီဖြစ်စဉ်ကြောင့် ယာဉ်နောက်လိုက်ဖြစ်တဲ့ မောင်ဇင်မင်းခန့်မှာ ထိခိုက်ဒဏ်ရာတွေရခဲ့လို့ ထားဝယ်ခရိုင်ပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးကုသနေတယ်လို့ သိရပါတယ်။