မင်းလှမြို့နယ်၌ အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ဦးအား အကြမ်းဖက် PDF အဖွဲ့ဝင်များမှ သတ်ဖြတ်


(ပြည်တွင်း) စက်တင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ဆင်အိုင်ချောင်းပေါက်ကျေးရွာတွင် စက်တင်ဘာ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန်ခန့်က အကြမ်းဖက် PDF အဖွဲ့ဝင်များမှ အပြစ်မဲ့ပြည်သူ နှစ်ဦးအား “ဒလန်များ” ဟုစွပ်စွဲကာ သတ်ဖြတ်သွာကြောင်း သိရသည်။

ဖြစ်စဉ်တွင် ဦးထွန်းလင်းအောင်၊ အသက် ၄၅ နှစ်သည် ၎င်း၏ဇနီးဖြစ်သူ ဒေါ်မူမူ(ခ)မူမူဝင်း၊ အသက် ၄၅ နှစ်နှင့်အတူ နေအိမ်၌ရှိနေစဉ် အကြမ်းဖက် PDF သမား ခြောက်ဦးခန့် ရောက်ရှိလာပြီး “ဒလန်များ” ဟု ပြောဆိုကာ ဓားများဖြင့် ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့ နှစ်ဦးတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ဦးအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဓားဖြင့် ထိုးခုတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

PAN