(နိုင်ငံတကာ) စက်တင်ဘာ ၇

ဂါဇာစီးတီးမြို့ရှိ ပါလက်စတိုင်းလူမျိုးများအနေဖြင့် တောင်ဘက်ပိုင်းဒေသသို့ ရွှေ့ပြောင်းထွက်ခွာကြရန် အစ္စရေးတပ်မတော်က တိုက်တွန်းခဲ့သည်။
ဂါဇာစီးတီးမြို့အတွင်းသို့ အစ္စရေးတပ်ဖွဲ့ဝင်များ ထိုးဖောက်ဝင်ရောက် နေချိန်တွင် ပါလက်စတိုင်းအရပ်သားများ တောင်ဘက်ပိုင်းသို့ထွက်ခွာရန် အစ္စရေးတပ်မတော်က တိုက်တွန်းထားခြင်း ဖြစ်သည်။
အစ္စရေးနိုင်ငံသည် ဂါဇာစီးတီးမြို့ကို ထိန်းချုပ်ရေးအတွက် ပြီးခဲ့သည့် ဩဂုတ်လ ၁၀ ရက်မှစ၍ ထိုးစစ် သစ်တစ်ရပ် စတင်ဆင်နွှဲခဲ့သည်။
လက်ရှိအချိန်တွင် အစ္စရေးတပ်များသည် ဂါဇာစီးတီးမြို့ မြောက်ပိုင်းရပ်ကွက်များ ထဲ၌ စစ်ဆင်ရေးများ ပြုလုပ်လျက်ရှိသည်။
ဂါဇာစီးတီးမြို့သည် ဂါဇာကမ်းမြောင်ဒေသ၏အကြီးဆုံးမြို့ဖြစ်ပြီး ဂါဇာလူဦးရေ စုစုပေါင်း ၏ ထက်ဝက်ခန့်နေထိုင်ရာမြို့ဖြစ်သည်။
သို့ရာတွင် ဂါဇာစီးတီးမြို့ကို ဟားမတ်စ်အုပ်စု၏ နောက်ဆုံးခြေကုပ်နယ်မြေအဖြစ် အစ္စရေးအစိုးရက သတ်မှတ်ထားကြောင်းသိရသည်။