(မှုခင်း) စကိတင်ဘာ ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ စက်တင်ဘာ ၃ ရက်နေ့က မီးကြိုးများ ဖြတ်တောက်ခိုးယူသူ အမျိုးသား ၁ ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၇)နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်၊ မြဝတ်မှုံလမ်းနှင့် ရတနာအောင်မြေလမ်းထောင့်၌ လက်ဆွဲခြင်း တစ်လုံးအား ဆွဲလျက်လမ်းလျှောက်လာသူ အဆိုပါရပ်ကွက်နေ ဝေယံဦး(ခ)အငယ်လေး၊ အသက် ၂၇ နှစ်အား မသင်္ကာဖွယ်တွေ့ ရှိရသဖြင့် စစ်ဆေးခဲ့ရာ ၎င်းလွယ်ထားသည့်အိတ်အတွင်းမှ မီးကြိုးဖြတ်တောက်ရာတွင် အသုံးပြုသည့် ပလာယာ နှစ်ချောင်း၊ တက်စတာ တစ်ချောင်း၊ ကတ်တာ တစ်ချောင်းနှင့် လက်ဆွဲခြင်း အတွင်းမှ မီးကြိုး သုံးပိဿာခန့်အား တွေ့ရှိရကြောင်း သိရသည်။
အဆိုပါ မီးကြိုးများအား ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေပြီး လူနေထိုင်ခြင်းမရှိသည့် တိုက်(၃၃၁၀၇)ရှိ အခန်းများအတွင်းမှ ဖြတ်တောက် ခိုးယူလာခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဝေယံဦး(ခ)အငယ်လေး အား အမှတ်(၇)နယ်မြေရဲစခန်း (ပ)၁၆/၂၀၂၅၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပုဒ်မ ၆(၁)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။