ကသာမြို့နယ်က လက်ထောက်မူလတန်းပြဆရာနဲ့ ရွာသားတစ်ဦးကို PDF ဖမ်းဆီး


(မှုခင်း) စက်တင်ဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ တုန်းပေါကျေးရွာက အခြေခံပညာအလယ်တန်းကျောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ လက်ထောက်မူလတန်းပြကျောင်းဆရာတစ်ဦးကို PDF အကြမ်းဖက်သမားတွေက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

တုန်းပေါကျေးရွာက လက်ထောက်မူလတန်းပြဆရာဖြစ်သူ ဦးဝေလင်းနိုင် (၃၅) နှစ်ဟာ တစ်ရွာတည်းနေ ဦးသားငယ်(၃၂)နှစ်နဲ့အတူ စက်တင်ဘာ ၂ ရက် ညနေ ၄ နာရီ ၁၀ မိနစ်အချိန့်က နေအိမ်မှာ ရှိနေစဉ် PDF အကြမ်းဖက်သမား ငါးဦး ရောက်ရှိလာပြီး သူတို့ နှစ်ဦးအား အကြမ်းဖက်ခြိမ်းခြောက်ကာ ဖမ်းဆီး ခေါ်ဆောင်သွားတာဖြစ်တယ်လို့လည်း သိရပါတယ်။

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများ အတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ အရပ်သား ပြည်သူများကို ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန် လုပ်ဆောင်လျက်ရှိပါသည်။

နိုင်ငံ့ဝန်ထမ်း တစ်ဦးနဲ့ အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးကို ပြန်လည်ကယ်တင်နိုင်ရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်တွေနဲ့အညီ ဆောင်ရွက်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။

PAN