(မှုခင်း) စက်တင်ဘာ ၄
စားသောက်ဆိုင်ကနေ နေအိမ်ကို ဆိုင်ကယ်နဲ့ပြန်လာတဲ့ ဒိုက်ဦးမြို့က ဖအောင်ဝဲရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို PDF အကြမ်းဖကအဖွဲ့တွေက ပစ်ခတ်သတ်ဖြတ်လိုက်တယ်လို့ သိရပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ဖအောင်ဝဲရပ်ကွက်မှာ စက်တင်ဘာ ၂ ရက် ည ၇ နာရီ ၁၅ မိနစ်အချိန်ကဖြစ်ပွားခဲ့တာဖြစ်ပြီး အုပ်ချုပ်ရေးမှူးဟာ သေနတ်ဒဏ်ရာနဲ့ပဲသေဆုံးသွားတာဖြစ်ပါတယ်။
ဖအောင်ဝဲရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်ဝင်း(၆၈)နှစ်ဟာ ရပ်ကွက်အတွင်းက “ဆုံနေကျ” စားသောက်ဆိုင်ကနေ သူ့ရဲ့နေအိမ်ကို ဆိုင်ကယ်နဲ့ တစ်ဦးတည်းပြန်လာစဉ် ဒိုက်ဦး-နှင်းဝိသွားကားလမ်းမပေါ်အရောက်မှာ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
PDF အကြမ်းဖက်သမားတွေက ၂၀၂၁ ခုနှစ်ကနေ ဒီနေ့အထိ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ ဆရာဆရာမအပါအဝင် နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်ကိုသတ်ဖြတ်ထားကြောင်း အစိုးရစာရင်းဇယာတွေအရ သိရပါတယ်။
#PAN