(မှုခင်း) စက်တင်ဘာ ၃

ကရင်ပြည်နယ်၊ ကြာအင်ဆိပ်ကြီးမြို့နယ်ကနေ မော်လမြိုင်မြို့ကိုထွက်ခွာလာတဲ့ ခရီးသည်တင်ယာဉ်တစ်စီးကို ကရင်လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ KNU နဲ့ PDF တွေက ဒရော့ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်လိုက်တာကြောင့် ခရီးသည်တွေ ထိခိုက်ဒဏ်ရာရရှိခဲ့တဘ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကြာအင်ဆိပ်ကြီးကနေ ခရီးသည်တွေတင်ဆောင်ပြီးထွက်ခွာလာတဲ့ “ကြယ်တံခွန်”ယာဉ်လိုင်းဟာ ကျိုက်မရောမြို့နယ်၊ ကော့ပနောကျေးရွာလမ်းဆုံအရောက်မှာ KNU နဲ့ PDF တွေက ဒရုန်းတွေအသုံးပြုကာ ဗုံးချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီနေ့ စက်တင်ဘာ ၂ ရက်နေ့ ညနေ ၆ နာရီခန့်ကဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုကြောင့် အဆိုပါ ခရီးသည်တင်မော်တော်ယာဉ်မှာလိုက်ပါလာတဲ့ ခရိးသည် ၁၀ ဦး ဒဏ်ရာရရှိခဲ့တာဖြစ်လို့ ဆေးဝါးကုသမှုတွေ ဆောင်ရွက်ပေးထားတယ်လို့ သိရပါတယ်။