အကြမ်းဖက် KNU / PDF ပူးပေါင်းအဖွဲ့မှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ကလေးငယ် တစ်ဦး ထိခိုက်ဒဏ်ရာရရှိ


(ပြည်တွင်း) စက်တင်ဘာ ၃

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ သူရဲသူမိန်ကျေးရွာအတွင်းသို့ စက်တင်ဘာ ၁ ရက် မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်အချိန်ခန့်က အကြမ်းဖက် KNU / PDF ပူးပေါင်းအဖွဲ့မှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ ကလေးငယ် တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် အကြမ်းဖက် KNU / PDF ပူးပေါင်းအဖွဲ့မှ သူရဲသူမိန်ကျေးရွာအတွင်းသို့ ပစ်ခတ်လိုက်သည့် ၆၀ မမ ဗုံးသီး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာအနီး သွားလာနေသည့် မောင်ထူးမြတ်လင်း၊ အသက် ၉ နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ဆင်ရွာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် အပြစ်မဲ့ ကလေးငယ် တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

PAN