
(အားကစား) စက်တင်ဘာ ၂
လီဗာပူးလ်အသင်းဟာ နယူးကာဆယ်အသင်းက တိုက်စစ်မှူး အီဆက်ခ် ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပါတယ်။
အီဆက်ခ်ရဲ့ပြောင်းရွှေ့ကြေးဟာ အပိုဆုကြေးအပါအဝင် ပေါင်သန်း ၁၃၀ ရှိမယ်လို့ သိရပါတယ်။
အီဆက်ခ်ရဲ့ ကနဦးပြောင်းရွှေ့ကြေးကို ပေါင် ၁၂၅ သန်းလို့ သတင်းတွေက ရေးသားကြပါတယ်။
အီဆက်ခ်အနေနဲ့ ချဲလ်ဆီးအသင်းက အန်ဇိုဖာနန်ဒက်ဇ်ကို ဘင်ဖီကာအသင်းကနေ ခေါ်ယူခဲ့မှု ပေါင် ၁၀၆.၈ သန်းကို ကျော်ဖြတ် ခဲ့တာ ဖြစ်ပါတယ်။
အီဆက်ခ် က အန်ဖီးလ်မှာ သမိုင်းတစ်ခုဖန်တီးပြီး ဆုဖလားများစွာရရှိလိုတယ်လို့ ပြောကြားခဲ့ပါ တယ်။
အီဆက်ခ် ဟာ လီဗာပူးလ်အသင်းနဲ့ ခြောက်နှစ်စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်တယ်။ လီဗာပူးလ်အနေနဲ့ အီဆက်ခ် ကို ခေါ်ယူပြီးနောက် အခုနွေရာသီအသုံးစရိတ် ပေါင် ၄၁၆ ဒသမ ၂ သန်းအထိ ရှိလာခဲ့ပါတယ်။