ဝမ်းတွင်းတွင် သာမန်အရပ်သားပြည်သူတစ်ဦးအား အကြမ်းဖက် PDF အဖွဲ့မှ သတ်ဖြတ်


(မှု့ခင်း) သြဂုတ် ၃၁

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ရိုးစုံကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာမှ အရပ်သားပြည်သူတစ်ဦးအား အကြမ်းဖက် PDF အဖွဲ့မှ နေအိမ်ထိလာရောက်၍ သတ်ဖြတ်သွားကြောင်း သိရသည်။

သြဂုတ်လ ၃၀ ရက်နေ့ ည ၆ နာရီခွဲအချိန်ခန့်က ဦးနောင်နောင်စိုး၊ ၄၆ နှစ်၊ (ဘ)ဦးအောင်စိုး၊ ဈေးရောင်း၊ ရွာသစ်ကုန်းကျေးရွာ၊ ရိုးစုံကျေးရွာအုပ်စု၊ ဝမ်းတွင်းမြို့နယ်နေသူမှာ နေအိမ်တွင်ရှိနေစဉ် အကြမ်းဖက် PDF ၂ ဦးမှ ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး သေနတ်တိုဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်သမား ၂ ဦး၏ ပစ်ခတ်မှုကြောင့် ဦးနောင်နောင်စိုးမှာ နေအိမ်ရှေ့ တန်းလျားပေါ်တွင်မှီ၍ ဦးခေါင်းနှောက်စေ့ ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူ ဦးနောင်နောင်စိုး၏ ဇနီးဖြစ်သူ မချိုချိုဝင်း၊ ၃၄ နှစ်၊(ဘ)ဦးလွင်၊ ဈေးရောင်း၊ ရွာသစ်ကုန်း​ကျေးရွာ၊ ရိုးစုံကျေးရွာအုပ်စု၊ဝမ်းတွင်းမြို့နယ်နေသူအား သက်ဆိုင်ရာမှမေးမြန်းရာ မချိုချိုဝင်း မှာ သားဖြစ်သူ မောင်ကာရန်စိုး၊ ၁၁ နှစ်နှင့်အတူ နေအိမ်အိပ်ခန်းအတွင်း အိပ်နေစဉ် ခင်ပွန်းဖြစ်သူ ဦးနောင်နောင်စိုး မှာ နေအိမ်ရှေ့ တန်းလျားပေါ်တွင် ထိုင်နေခဲ့ကြောင်း၊ ညနေ ၅ နာရီ အချိန်ခန့်တွင် နေအိမ်ရှေ့မှ သေနတ်သံ ၁ ချက်ကြားရသဖြင့် ထွက်ကြည့်ခဲ့ရာ ဆိုင်ကယ် ၁ စီးဖြင့် အမည်မသိလူ ၂ ဦးမှာ နေအိမ်ခြံဝင်းအတွင်းမှ ခရိုင်ချင်းဆက်လမ်းဘက်သို့ မောင်းနှင်ထွက်သွားသည်ကိုတွေ့ရှိရပြီး ခင်ပွန်းဖြစ်သူ ဦးနောင်နောင်စိုး တွင် ဦးခေါင်းနောက်စေ့ ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း ဇနီးဖြစ်သူ၏ပြောပြချက်အရ သိရသည်။

PAN