(ပြည်တွင်း)သြဂုတ် ၂၉

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးသွားသော Sky Villa အဆောက်အအုံ A အဆောင်အား ရှင်းလင်းရာ အမျိုးသမီး ၁ ဦးရုပ်အလောင်း ထပ်မံတွေ့ရှိရကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်အချိန်ခန့်က Sky Villa အဆောက်အအုံ A အဆောင်အား NTL ကုမ္ပဏီ(Sky villa condo)၊ မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် အောင်မြေသာစံမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ အဆောင် (A)၊ အခန်းအမှတ် A3 မှ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့၏ ရုပ်အလောင်းများအား ထပ်မံထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးရုပ််အလောင်းအား “မြတ်သဒ္ဒါ”လူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။