မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုဖြစ်နိုင်တယ်လို့ အိန္ဒိယက ရန်ဖက် ပါကစ္စတန်ကို သတိပေး


(နိုင်ငံတကာ) ဩဂုတ် ၂၆

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုဖြစ်နိုင်တယ်လို့ အိန္ဒိယက ရန်ဖက် ပါကစ္စတန် သတိပေးထားပါတယ်။

အိန္ဒိယနိုင်ငံဟာ အိမ်နီးချင်းပါကစ္စတန်နဲ့ နယ်စပ်ဖြတ်ကျော်ရေကြီးမှုဖြစ်နိုင်ချေအတွက် သတိပေးချက်ကို မျှဝေလိုက်လို့ ပါကစ္စတန်တာဝန်ရှိသူတွေနဲ့ နယူးဒေလီမှာရှိတဲ့ သတင်းရင်းမြစ်တစ်ခုက သြဂုတ် ၂၅ ရက်တွင် ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ပါကစ္စတန်နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဂျမူး နဲ့ ကက်ရှ်မီးယားဒေသမှာ မိုးသည်းထန်စွာရွာသွန်းပြီးနောက် အိန္ဒိယဟာ 1960 Indus Waters စာချုပ် အောက်ကမဟုတ်ဘဲ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြောင်းပြချက်နဲ့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနထံ သြဂုတ် ၂၄ ရက်က သတိပေးချက်ထုတ်ပြန်ခဲ့တာလို့ အစိုးရစည်းမျဉ်းတွေကို ကိုးကားပြီး အမည်မဖော်လို့တဲ့ သတင်းရင်းမြစ် ကပြောဆိုထားပါတယ်။

အိန္ဒိယဟာ Indus ရေစာချုပ်အရ Indus ရေကော်မရှင်ကတဆင့် သံတမန်လမ်းကြောင်းတွေကနေ ပေးပို့ခဲ့တာလို့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။

ယခုလအတွင်း အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ ဂျမူးနဲ့ ကက်ရှ်မီးယားနယ်မြေတွေမှာ ရေလွှမ်းမိုးမှုကြောင့် အနည်းဆုံး လူ ၆၀ သေဆုံးပြီး ပါကစ္စတန်အနောက်မြောက်ပိုင်းမှာ လူဦးရေ ၄၀၀ နီးပါး သေဆုံးထားခဲ့တယ်လို့လည်း သိရပါတယ်။
ဇွန်လနှောင်းပိုင်း မုတ်သုံရာသီစတင်ချိန်ကစပြီး ပါကစ္စတန်မှာ ရေကြီးရေလျှံမှုတွေကြောင့် စုစုပေါင်း လူ ၇၉၉ ဦး သေဆုံးခဲ့တယ်လို့ ပါကစ္စတန် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့ကပြောဆိုထားပါတယ်။
ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအရာရှိ Mr Mazhar Hussain က အိန္ဒိယကပေးပို့တဲ့ အချက်အလက်တွေမှာ ပါကစ္စတန်ကိုဖြတ်ကျော်လာမယ့် ရေတွေဟာ သော်ဝီမြစ်အတွင်းဝင်ရောက်ပြီး လှိုင်းကြီးနိုင်တဲ့ သတိပေးချက်လည်း ပါဝင်နေတယ်လို့ သိရပါတယ်။

“ဒါ့အပြင် နယ်စပ်တလျှောက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အိန္ဒိယရေလှောင်တမံတွေကို အိန္ဒိယက ရေထုတ်ခဲ့တယ်လို့လည်းသိရပါတယ်။
ပါကစ္စတန်မှာမိုးသည်းထန်စွာရွာသွန်းနေပြီး အိန္ဒိယကထုတ်လွှတ်တဲ့ရေတွေကြောင့် ပန်ဂျပ်ပြည်နယ် မှာ ရေကြီးမှုတွေ မြင့်မားလာနိုင်တယ်လို့လည်း သိရပါတယ်။
၁၉၆၀ ခုနှစ်စာချုပ်အရ အိန္ဒိယကနေ အနောက်ဘက်ကို စီးဆင်းတဲ့ မြစ် ၃ စင်းကို ပါကစ္စတန်နိုင်ငံက ရရှိခဲ့ပြီး အရှေ့ဖက်ကို စီးဆင်းတဲ့ မြစ် ၃ စင်းကိုတော့ အိန္ဒိယကရရှိခဲ့တယ်လို့ သိရပါတယ်။

PAN