(အားကစား) သြဂုတ် ၂၃
လီဗာပူးလ်အသင်း တောင်ပံကစားသမား ချီယေဆာ က လီဗာပူးလ်အသင်းမှ ထွက်ခွာမည့် သတင်း များမှာ ကောလာဟလများသာဖြစ်ပြီး အသင်းတွင်သာ ဆက်ရှိသွားမည်ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။

အဆိုပါ တောင်ပံကစားသမားကို လက်ရှိအချိန်တွင် စီးရီးအေကလပ်အသင်းများစွာက ခေါ် ယူရန် စိတ်ဝင်စားနေသော်လည်း ၄င်းအနေနဲ့ လီဗာပူးလ်အသင်းတွင်သာ ဆက်ရှိသွားမှာဖြစ်ပါတယ်။
တောင်ပံကစားသမား ချီယေဆာ ဟာ ၂ဝ၂၄-၂ဝ၂၅ မှ ၂ဝ၂၅-၂ဝ၂၆ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၁၅ ပွဲ ကစားပြီး သုံးဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။
အသက် ၂၇ နှစ်အရွယ် ချီယေဆာ က လီဗာပူးလ်အသင်းမှာပဲ ဆက်ရှိသွားမှာဖြစ်ပြီး အသင်းနဲ့အတူ ပုံမှန်ပွဲထွက်ခွင့်နဲ့ အောင်မြင်မှုများရရှိဖို့ အစွမ်းကုန်ကြိုးစားကာ ကစားသမားဘဝကို လီဗာပူးလ်အသင်းမှာသာ ကုန်ဆုံးသွားလိုကြောင်း ပြောကြားခဲ့ပါတယ်။