(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်အားကစားပြိုင်ပွဲ မြန်မာအားကစားသမားများ ဆုဖလားနှင့် ရွှေ‌ လေးခု၊ ငွေ နှစ်ခု၊ ကြေးသုံးခုဆွတ်ခူးရရှိထား


(အားကစား) ဩဂုတ် ၂၂

ထိုင်းနိုင်ငံ ဗန်ကောက်မြို၌ သြဂုတ် ၁၈ ရက်မှ ၂၅ ရက်အထိ ကျင်းပလျက်ရှိသည့် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှနှင့် (၅၇)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်အားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ကာယဗလအားကစားသမား များက Champion of Champion Overall Champion ဆုဖလား နှင့် ရွှေ‌‌ လေးခု၊ ငွေ နှစ်ခု၊ ကြေး သုံးခုဆွတ်ခူး ရရှိထားကြောင်း သိရသည်။

အဆိုပါ (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်အားကစားပြိုင်ပွဲကို ဩဂုတ်၂၁ ရက်က မြန်မာအားကစားသမားများ ယှဉ်ပြိုင်ကြရာ Champion of Champion Overall Champion ဆုကို ချမ်းမြေ့ထွန်းက လည်း‌ကောင်း၊ MSP Over 175 cm တွင် မျိုးသူရကျော်က ပထမ (ရွှေ)၊ MSP up to 175 cm တွင် စိုင်းသစ်နောင်ဦး က ပထမ(ရွှေ)၊ အမျိုးသားကာယဗလ 75kg တွင် ချမ်းမြေ့ထွန်းက ပထမ (ရွှေ)၊ WMP up to 160 cm တွင် ဆုမွန်လှိုင်က ဒုတိယ(ငွေ)၊ WMP up Over 170cm တွင် မဇူဇူသန့်က ဒုတိယ(ငွေ)၊ WMP up to 165cm တွင် မလင်းလင်းစိုး၊ WAP up to167cm တွင် သန်းဇော်ထိုက်၊ 70kg တွင် မောင်မောင်စိုင်းတိုက တတိယ(ကြေး) တစ်ခုစီ အသီးသီးဆွတ်ခူးရရှိခဲ့ကြကြောင်း သိရသည်။

ယင်း(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှကာယဗလနှင့် ကာယ ကြံ့ခိုင်မှုအားကစားပြိုင်ပွဲ၌ ၁၀ ဦး ဝင်ရောက်ခဲ့ရာ ခုနစ်ဦးဆုတံဆိပ်ရရှိခဲ့သည်။ ဩဂုတ် ၂၂ ရက်မှ ၂၄ ရက်အထိ (၅၇)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်အားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ကာယဗလအားကစားသမားများ ဆက်လက်ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲသို့ မြန်မာ့ကာယဗလအားကစားအဖွဲ့မှ အားကစားသမား ၂၀ တို့သည်(၁၉)ကြိမ်မြောက်အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ၌ ၁၀ ဦး၊ (၅၇)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်အားကစားပြိုင်ပွဲ၌ ၁၀​ ဦး ပါဝင်ယှဉ်ပြိုင်‌ လျက်ရှိကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် –
Webpage>>…
https://positiveanglenews.com/2025/08/22/ငွေတံဆိပ်ဆုရရှိသော-မြန်/

VK Link>>…
https://vk.com/wall-220066330_13184

Telegram»…
https://t.me/positiveanglenews

PAN