ကာလီမူ အန်ဒို ကို ထပ်မံခေါ်ယူခဲ့ပြီး ပေါင်သန်း ၁၄၀ အသုံးပြုထားတဲ့ နော်တင်ဟမ်ဖောရက်စ်အသင်း
(အားကစား) ဩဂုတ် ၂၀

နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ရန်းစ်အသင်းက ပြင်သစ်လူငယ်တိုက်စစ်ကစားသမား ကာလီမူအန်ဒို ကို ထပ်မံခေါ်ယူပြီးနောက် အခုနွေရာသီအသုံးစရိတ်ပေါင်သန်း ၁၄၀ အထိ ရှိလာခဲ့ပါတယ်။
ကာလီမူအန်ဒို ရဲ့ ကနဦး ပြောင်းရွှေ့ကြေးက ပေါင် ၂၆ သန်းရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။
PSG ကစားသမားဟောင်း ကာလီမူအန်ဒို ဟာ နော်တင်ဟမ်အသင်းနဲ့ ငါးနှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
နော်တင်ဟမ်အသင်းဟာ ကာလီမူ အန်ဒို မတိုင်ခင် ကစားသမားသစ်ခြောက်ဦးခေါ်ယူမှုအတွက် ပေါင် ၁၁၄ သန်း အသုံးပြုခဲ့ပါတယ်။
ကာလီမူအန်ဒို ဟာ ပြီးခဲ့တဲ့ရာသီက အသင်းအတွက် အမှတ်ပေးပွဲ ၃၄ ပွဲကစားကာ ၁၈ ဂိုး သွင်းယူခဲ့ပါတယ်။