အမရပူရမြို့နယ်တွင် ကလေးကျောင်းကြိုလာသည့် အမျိုးသားတစ်ဦး ပြန်ပေးဆွဲခံရ

(မှု့ခင်) သြဂုတ် ၁၅

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တလင်းကြီးကျေးရွာအုပ်စု၊‎ ဝဲကြီးဆင်ရွာမှ ကလေးကျောင်းကြိုလာသည့် အမျိုးသားတစ်ဦး ပြန်ပေးဆွဲခံရကြောင်း သိရသည်။

ယနေ့မွန်းလွဲ ၃ နာရီ ၁၅ မိနစ်အချိန်ခန့်က တလင်းကြီးကျေးရွာအုပ်စု၊ ဝဲကြီးဆင်ရွာကျေးရွာနေ ဦးသန်းထိုက်အောင်သည် မင်းရွာ စာသင်ကျောင်းမှ ကလေးကျောင်း ကြို၍ ပြန်လာစဉ် မင်းရွာ သုသာာန်လမ်းပေါ်အရောက် အမည်မသိ လူ ၅ ဦးမှ ကားအဖြူရောင် အမျိုးအစားမမှတ်မိဖြင့် ပြန်ပေးဆွဲခံရကြောင်း ဇနီးဖြစ်သူ ဒေါ်ဇင် မှ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အား အကြောင်းကြားခဲ့ကြောင်း၊ ၎င်းနောက် သက်ဆိုင်ရာလုံခြုံးအဖွဲ့မှ အမျိုးသမီးအား ငွေဖြင့်လာရောက်ရွေးရန်ချိန်းဆိုသည့်နေရာသို့ ခြေရာခံလိုက်၍ဖမ်းစီးခဲ့နိုင်ခဲ့ကြောင်း သိရသည်၊၊‎

အဆိုပါ ဖမ်းစီးရမိ‌သော တရားခံများမှာ အောင်ပိုပိုဦး၊ (အဘ)ဦးလှပို အသက် ၆၁ နှစ် စာတိုးကျေးရွာ၊ သန်းရွှေ၊ (ဘ)ဦးအမာင်ဝင်း၊ အသက် ၃၂ နှစ်၊ မင်းတဲစုရပ်ကွက်၊ ဝေယံဖြိုး၊ (ဘ)ဦးဝင်းနိုင်၊ အသက် ၁၈ နှစ် ၄၁ လမ်း ကန်ပတ်လမ်း ဇော်မင်းရပ်ကွက်၊ တိုးမင်း‌‌ဝေ၊ (ဘ)ဦးမင်းအောင် အသက် ၁၉ နှစ် ကျွဲဆည်ကန် ရွှေညောင်ပင် ရပ်ကွက်၊ ပွကြီး(ခ)မိုးသဲ၊ (ဘ)ဦးဖိုးသောင်း၊ အသက် ၃၂ နှစ် ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ရပ်ကွက်တို့အား ဖမ်းစီးရမိခဲ့ကြောင်း သိရသည်၊၊‎

အဆိုပါ ဖမ်းမိတရားခံ ၅ ဦးနှင့်အတူ လိုင်စင်မဲ့မော်တော်ကား(၁)စီး၊ လက်ကိုင်ဖုန်း(၃)လုံး၊ ၁၂ လက်မခန့်ရှိ ဓား(၁)ချောင်းတို့နှင့်အတူ သက်ဆိုင်ရာ နယ်မြေခံရဲစခန်းတွင် အမူဖွင့်အ‌‌ရေးယူ‌ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#PAN