နောင်ချိုမြိုသို့ ပြန်လည်ဝင်ရောက်နေထိုင်ကြသည့် ပြည်သူများအား ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေး
(ပြည်တွင်း) ဩဂုတ် ၁၃

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့သို့ သွားရောက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နောင်ချိုမြိုနယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက နောင်ချိုမြို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများအား ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးခြင်းလုပ်ငန်းကို One Stop Service ဖြင့် စိစစ်ထုတ်ပေးနေမှုကိုလည်းကောင်း၊ နိုင်ငံသားကတ်ရရှိပြီးသူများအား Biographic/Biometric ကောက်ယူကာ Unique ID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်ပေးနေမှုကိုလည်းကောင်း၊ စာသင်ခန်းများအတွင်း ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှု ကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးကြောင်း သိရသည်။
ထိုမှတစ်ဆင့် နောင်ချိုမြို မြိုလယ်သာသနာ့ဗိမာန်၌ ယာယီရုံးခန်းဖွင့်လှစ်ထားသည့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နောင်ချိုမြိုနယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက နောင်ချိုမြိုသို ပြန်လည်ဝင်ရောက်လာကြသည့် ဒေသခံတိုင်းရင်းသားပြည်သူများအား ၎င်းတိုနေရပ်စွန့်ခွာစဉ် ပျက်စီး/ ပျောက်ဆုံးသွားသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြန်လည်စိစစ်ထုတ်ပေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို လှည့်လည် ကြည့်ရှုအားပေးပြီး One Stop Service ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်များကို သက်ဆိုင်ရာ ကာယကံရှင် ပြည်သူများထံ ပေးအပ်ကြောင်း သိရသည်။
ဆက်လက်၍ နိုင်ငံသားကတ် ရရှိပြီးသူများအား Biographic/Biometric ကောက်ယူကာ Unique ID နံပါတ်ထုတ်ပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးကာ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားကတ်လာရောက်ဆောင်ရွက်ကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြောင်း သိရသည်။
ထိုနောက် ပြည်ထောင်စုဝန်ကြီးသည် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကျောက်မဲခရိုင်နှင့် မြိုနယ်ဦးစီးမှူးရုံး၊ နမ္မတူနှင့် သီပေါမြိုနယ်ဦးစီးမှူးရုံးများ အဆိုပါဓမ္မာရုံ၌ပင် ယာယီ ရုံးများဖွင့်လှစ်ထားရှိမှုအခြေအနေကို ကြည့်ရှုကာ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ သက်ဆိုင်ရာမြိုများ၌ မြိုနယ်ရုံးများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်စီစဉ်ထားရှိရေး၊ လုပ်ငန်းလိုအပ်ချက် များကို တာဝန်ရှိသူအဆင့်ဆင့်သို တင်ပြဆောင်ရွက်ကြရေး မှာကြားကာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေ၊ ဆန်အိတ်များနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ပြီး ဓမ္မာရုံရှေ့၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးအတွက် လာရောက်ဆောင်ရွက်ကြသည့် ဒေသခံပြည်သူများအား လုပ်ငန်းဆိုင်ရာအခက်အခဲများကို မေးမြန်း၍ တာဝန်ရှိသူများနှင့် ညှိနှိင်းဆောင်ရွက်ပေးကြောင်း သိရသည်။
ယင်းနောက် နောင်ချိုမြို၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် နောင်ချိုမြိုနယ်ဦးစီးမှူးရုံး မီးလောင်ပျက်စီးမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရုံးပြန်လည်တည်ဆောက်ရေးအတွက် ဒေသအာဏာပိုင်အဖွဲအစည်းများနှင့် ညှိနှိင်းပေါင်းစပ်ဆောင်ရွက်ပေးကြောင်း သိရသည်။
ဆက်လက်၍ နောင်ချိုမြို စိန်ရတနာကျောင်းတိုက်၌ ကျောက်မဲခရိုင်အတွင်းရှိ အမျိုးသားဝန်ထမ်းများ ယာယီနေရာချထားမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများ၏ နေထိုင်၊ စားသောက်ရေးအဆင်ပြေစေရေးအတွက် တာဝန်ရှိသူများက ဖြည့်ဆည်းဆောင်ရွက်ပေးရေးမှာကြား ကာ လိုအပ်သည်များ ညှိနှိင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။