(မှု့ခင်း)သြဂုတ် ၁၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ တပျော်ကျေးရွာနေ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးအား အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။
သြဂုတ် ၁၂ နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်က တပျော်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ဦးရွှေတင်၊ ၆၇ နှစ်၊ (ဘ)ဦးစိန်မောင်(ပြည်ခိုင်ဖြိုးပါတီဝန်းရံသူ)သည် နေအိမ်၌ရှိနေစဥ် အကြမ်းဖက် PDF တို့ ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်သွားကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် PDF အဖွဲ့၏ ပစ်ခတ်မှုကြောင့် ဦးရွှေတင်မှာ အခင်းဖြစ်နေရာတွင် သေနတ်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း သတင်းရရှိသည်။