(ပြည်တွင်း) ဩဂုတ် ၁၃

နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတိုတည်ထောင်လိုသော ပါတီအမည်ကိုဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို လျှောက်ထားလျက်ရှိကြရာ ယနေ့အထိ ပါတီတည်ထောင်ခွင့် လျှောက်ထားလာသည့်အဖွဲ ၂၇ ဖွဲရှိပြီး လျှောက်ထားသည့်အဖွဲများအနက် နိုင်ငံရေးပါတီ ၂၂ ပါတီကို တည်ထောင်ခွင့်ပြုပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ တည်ထောင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၂၂ ပါတီအနက် ဦးစိုးပု ခေါင်းဆောင်သည့် ပအိုဝ်းအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီက ပါတီတည်ထောင်ခွင့်ပြုသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေ ၇ နှင့်အညီ ကော်မရှင်သို ယနေ့တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် လျှောက်ထားလာကြောင်း သိရသည်။
ယင်းသို မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားသည့် နိုင်ငံရေးပါတီ ၂၂ ပါတီအနက် ၁ ပါတီကို မှတ်ပုံတင်ခွင့် ငြင်းပယ်ခဲ့ပြီး ၁၈ ပါတီအား မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး၊ ကျန်ပါတီများကို မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။