(ပြည်တွင်း) ဩဂုတ် ၉

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA)နှင့် STI Myanmar College တို့ ပူးပေါင်း၍ Al for Professionals (Basic) နှင့် Al for Developers (Part 1) သင်တန်းများကို ဩဂုတ်လ ၂၃ ရက်တွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရပါတယ်။
Al for Professionals (Basic) သင်တန်းသည် စီးပွားလုပ်ငန်းရှင်များ၊ မန်နေဂျာများနှင့် လုပ်ငန်းခွင်မှ ဝန်ထမ်း များအတွက် AI နည်းပညာကို ထိရောက်စွာ အသုံးချနိုင်ရန် သင်ကြားပေးခြင်းဖြစ်ပါတယ်။
သင်တန်းပြီးဆုံးပါက AI နည်းပညာအခြေခံမှ အဆင့်မြင့်အထိ လက်တွေ့အသုံးချနိုင်သော ကျွမ်းကျင်မှုနှင့် Prompt Library များ ရရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း (MCPA) STI Myanmar College တို့က အသိအမှတ်ပြုလက်မှတ်ရရှိမှာဖြစ်ပါတယ်။
သင်တန်းတက်ရောက်လိုသူများအနေနဲ့ Website Link – https://forms.gle/kR3VPPebRLaV7euSA သို့ စာရင်းပေးသွင်းပြီး အသေးစိတ်ကို ဖုန်း ၀၁-၆၅၂၂၇၆၊ ၀၉-၅၀၆၇၁၆၅ နှင့် ဝ၉-၉၅၅၁၂၃၄၄၆ သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရပါတယ်။
#PAN