
(နိုင်ငံတကာ) သြဂုတ် ၇
အိန္ဒိယနိုင်ငံမြောက်ပိုင်းက မြို့တစ်မြို့မှာ ရေကြီးရေလျှံမှုတွေကြောင့် လူ ၁၀၀ ထက်မနည်း ပျောက်ဆုံးနေတယ်လို့ The Guardian ရဲ့ဖော်ပြချက်အရ သိရပါတယ်။
အဲ့ဒီဒေသရဲ့ ကောင်းကင်ပေါ်မှာ အလွန်ကြီးမားတဲ့တိမ်တိုက်တွေဖြစ်ပေါ်လာပြီးမကြာခင်မှာပဲ မိုးအပြင်းအထန်ဂွာသွန်းခဲ့တာကြောင့် အိန္ဒိယမှာ ရေလွှမ်းမိုးမှုတွေဖြစ်ပေါ်ခဲ့တဲ့အပြင် လူအသေအပျောက်လည်းရှိခဲ့တယ်လို့ သိရပါတယ်။
မိုးကြီးရေးလျှံမှုတွေဟာ အိန္ဒိယအနောက်မြောက်ပိုင်းမှာရှိတဲ့ ရွာတစ်ရွာကို နစ်မြုပ်ခဲ့သလို မြစ်တစ်ခုကလည်း အမှိုက်တွေနဲ့ပြည့်နက်သွားတဲ့အပြင် အဲ့ဒီရွာက လူ ၄ ဦးသေဆုံးခဲ့သလို ၁၀၀ ကျော်ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ပြင်းထန်စွာရွာသွန်းခဲ့တဲ့ မိုးရေချိန်ဟာ 210 မီလီမီတာ ဒါမှမဟုတ် အဲဒီထက်ပိုတဲ့ မိုးရေချိန်ရှိခဲ့ပြီး အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်းက Uttarakhand ပြည်နယ်အပါအဝင် ဒေသတွေမှာအမြင့်ဆုံးမိုးရေချိန်အဖြစ် မှတ်တမ်းတင်ခဲ့တယ်လို့ အိန္ဒိယမိုးလေဝသဌာနက ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။
အိန္ဒိယနိုင်ငံက မိုးလေဝသပညာရှင်တွေဟာ တစ်နာရီကို 100 မီလီမီတာ ဒါမှမဟုတ် ဒီထက်ပိုတဲ့နှုန်းနဲ့ ရွာသွန်းခဲ့တာလို့ပြောဆိုထားပြီး အဲဒီမိုးရွာသွန်းမှုတွေကြောင့် ရေခဲမြစ်တွေနဲ့ ရေခဲရေကန်တွေတွေအရေပျော်တာတွေရှိနိုင်ပြီး ဒီအချက်တွေဟာလည်း ရေလွှမ်းမိုးမှုနောက်ကွယ်က ရှိနေနိုင်တယ်လို့လည်း ပြောပါတယ်။
ကုလသမဂ္ဂ အစီရင်ခံစာအရ Uttarakhand မှာ 2013 ခုနှစ် ဇွန်လက လူပေါင်း ၆၀၀၀ ကျော် သေဆုံးခဲ့တဲ့ အသေအပျောက် အများဆုံးရေလွှမ်းမိုးမှုဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့တယ်လို့သိရပြီး အဲ့ဒိဖြစ်စဥ်ဟာလည်း အခုလို မိုးတိမ်တောင်တွေကြောင့်လို့လည်း ပြောဆိုထားပါတယ်။
Kedarnath ရေလွှမ်းမိုးမှုဆိုင်ရာ လေ့လာမှုတစ်ခုအရ မိုးရေချိန်တစ်ဝက်ကျော်ဟာ လေထုအတွင်း ဖန်လုံအိမ်ဓာတ်ငွေ့နဲ့ လေထုအတွင်းက လေထုမှုန်တွေတိုးလာခြင်းတွေနဲ့ ဆက်စပ်မှုရှိတယ်တာကို တွေ့ရှိခဲ့တယ်လို့လည်း မိုးလေဝသပညာရှင်တွေကပြောပါတယ်။
ကမ္ဘာလုံးဆိုင်ရာ အပူချိန်များ မြင့်တက်လာခြင်းကြောင့် အိန္ဒိယမှာ မကြာသေးမီ ဆယ်စုနှစ်တွေအတွင်း ပြင်းထန်တဲ့မိုးရွာသွန်းမှု ဖြစ်ရပ်တွေဖြစ်လာနိုင်သေးတယ်လို့ လေ့လာမှုတွေအရ မိုးလေဝသပညာရှင်တွေကပြောဆိုထားပါတယ်။