PUBG Mobile World Cup ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ Yangon Galacticos အသင်း

(အားကစား) ဩဂုတ် ၄

၂၀၂၅ PUBG Mobile World Cup ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု Yangon Galacticos အသင်းကထိုက်ထိုက်တန်တန် အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။

Grand Final ကို သြဂုတ်လ ၁ ရက်ကနေ ၃ ရက်အထိ ယှဥ်ပြိုင်ခဲ့ပြီး Yangon Galacticos အသင်းက ရမှတ်ပေါင်း ၁၅၇ မှတ်နဲ့ ဗိုလ်စွဲခဲ့ပါတယ်။

Yangon Galacticos အသင်းမှာ Marnett(Soung Wai Phyo)၊ Romeo(Khant Zaw Hein)၊ SAYCLOUD(Kaung Khant Aung)၊ Smile(Swan Wint Maung) တို့ ပါဝင်ယှဥ်ပြိုင် ခဲ့ပါတယ်။

ပြိုင်ပွဲကို ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာ့ဒ်မြို့မှာကျင်းပခဲ့ပြီး ပြိုင်ပွဲတစ်ရပ်လုံး ဆုကြေး ဒေါ်လာ ၃ ဒသမ ၀၅ သန်း ချီးမြှင့်ခဲ့ပါတယ်။