ရုရှားနိုင်ငံက မြန်မာနိုင်ငံမှထွက်ရှိတဲ့ သရက်သီးအနှစ် တန်ချိန်တစ်သောင်းကို နှစ်စဉ်ဝယ်ယူမည်

(စီးပွားရေး)  ဩဂုတ် ၄

ရုရှားနိုင်ငံက မြန်မာနိုင်ငံမှထွက်ရှိတဲ့ သရက်သီးအနှစ် တန်ချိန်တစ်သောင်းကို နှစ်စဉ်ဝယ်ယူသွားမည် ဖြစ်ကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရပါတယ်။

အဆိုပါ သရက်သီးအနှစ်များကို တင်ပို့နိုင်ရေးအတွက် ဇူလိုင်လ ၂၈ ရက်က ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ရာ ပြည်တွင်းသရက်လုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပါတယ်။

စီးပွားရေးလုပ်ငန်းရှင်များက ရုရှားနိုင်ငံကို သရက်သီးအနှစ်နှင့် သရက်သီးအခြောက် တင်ပို့နေမှုနှင့် လိုအပ်ချက် များကို ရုရှားဝယ်လက်များနှင့် ပူးပေါင်းဆောင်ရွက်ရမည့်အချက်များကို ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့အနေဖြင့် မြန်မာနိုင်ငံမှ သရက်သီးအနှစ်နှင့် သရက်သီးအခြောက်များ တင်ပို့လိုတဲ့ လုပ်ငန်းရှင်များကို ရုရှားဝယ်လက်များနှင့် တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

ယခုနှစ်တွင် မြန်မာ့သရက်သီး အထွက်နှုန်းမှာ ၅ဝ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ပြီး ပြည်ပတင်ပို့နိုင်မှုလည်း ကျဆင်းခဲ့ပါတယ်။

လက်ရှိမှာ ရုရှားနိုင်ငံက သရက်သီးအနှစ်ကို အိန္ဒိယနိုင်ငံမှ အဓိကတင်သွင်းလျက်ရှိနေကြောင်း သိရပါတယ်။