(ပြည်တွင်း) ဩဂုတ် ၃

တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင်ကျင်းပမည့် (၂၂)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ(CAEXPO)တွင် မြန်မာနိုင်ငံမှ ပြခန်းပေါင်း ၈၀ ပါဝင်ပြသမည်ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ တရုတ်-အာဆီယံကုန်စည်ပြပွဲကို စက်တင်ဘာလ ၁၇ ရက်မှ ၂၁ ရက်အထိ ကျင်းပမှာဖြစ်ပါတယ်။
ပြပွဲမှတစ်ဆင့် မြန်မာနိုင်ငံမှ စိုက်ပျိုးရေးအခြေခံ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများမှ ထုတ်ကုန်များ တရုတ်ဈေးကွက်သို့ ဝင်ရောက်နိုင်ရန် အခွင့်အလမ်း များရှာဖွေနိုင်မှာဖြစ်သလို မြန်မာ့အရည်အသွေးမြင့် ကျောက်မျက် ရတနာများ ခင်းကျင်းပြသနိုင်ရန် စီစဉ်ထားကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းက နန်နင်းမြို့တွင် ကျင်းပခဲ့သည့် (၂၁)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည် ပြပွဲတွင်လည်း မြန်မာနိုင်ငံမှ ကျောက်မျက်ရတနာများ၊ တန်ဖိုးမြှင့်စားသောက်ကုန်များအပါအဝင် ပြခန်းပေါင်း ၈၀ ကျော် ဝင်ရောက်ပြသခဲ့ပါတယ်။
#PAN