
(နိုင်ငံတကာ) ဇူလိုင် ၂၉
တနင်္လာနေ့က သဘောတူညီခဲ့ကြတဲ့ နှစ်နိုင်ငံအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေအရ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တဲ့ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှာ ဒီနေ့မနက်ပိုင်းကစပြီး ပစ်ခတ်မှုတွေငြိမ်သက်နေသလို ဒီနေ့ညနေပိုင်းမှာလည်း နှစ်ဖက်တပ်မှူးတွေ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ ထိုင်းခေတ္တဝန်ကြီးချုပ် ဖုန်သမ် ဝီချာရာချိုင် က ပြောပါတယ်။
ဖုန်သမ် နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက် တို့ ပြီးခဲ့တဲ့ ဇူလိုင်၂၈ ရက်နေ့က မလေးရှားမှာ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေရရှိခဲ့တာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ငါးရက်အတွင်းဖြစ်ပွားခဲ့တဲ့ ပြင်းထန်တိုက်ပွဲတွေကြောင့် ဆယ်စုနှစ်တစ်ခုကျော်အတွင်း နှစ်ဖက်နိုင်ငံတွေက လူ ၃၈ ဦးထက်မနည်း သေဆုံးခဲ့ရသလို အရပ်သားအများစုပါဝင်တဲ့ ပြည်သူ ၃ သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့တာဖြစ်ပါတယ်။
ဒီနေ့မနက်အစောပိုင်းကလည်း နယ်စပ်ဒေသက အနည်းဆုံးနေရာငါးခုမှာ ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့ပြီး ညသန်းခေါင်ကျော်က စတင်အသက်ဝင်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခဲ့တာကြောင့် ထိုင်းစစ်တပ်က လက်တုံ့ပြန်ခဲ့တယ်လို့ ထိုင်းစစ်တပ်က ထုတ်ပြန်ပါတယ်။
ထိုင်းခေတ္တဝန်ကြီးချုပ် ဖုန်သမ်က အခြေအနေတွေ ငြိမ်သွားနေပေမယ့် တိုးတက်မှုတော့မရှိဘူးလို့” သတင်းထောက်တွေကိုပြောဆိုထားပါတယ်။
နယ်စပ်ဒေသနှစ်ခုက ထိုင်းစစ်ဘက်အရာရှိတွေဟာ အဲဒီနယ်စပ်တွေက ကမ္ဘောဒီးယား စစ်လက်အရာရှိတွေနဲ့ တွေ့ဆုံခဲ့ပေမယ့် ပဋိပက္ခအတွင်း အပြင်းထန်ဆုံးတိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ နယ်စပ်တစ်လျှောက်က တပ်မှူးတွေ တွေ့ဆုံ ဆွေးနွေးတာတွေတော့ မရှိသေးဘူးလို့ ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဝင်ထိုင်းဆူဗာရီ က ပြောပါတယ်။
ဆွေးနွေးပွဲကို ဒေသစံတော်ချိန် နံနက် ၁၀ နာရီ (၀၃၀၀ GMT) တွင် ကျင်းပရန် စီစဉ်ထားသော်လည်း ရွှေ့ဆိုင်းထားပြီး အချိန်အသစ် မသတ်မှတ်ရသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။
ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မလီဆိုသီတာ က နယ်စပ်တလျှောက်မှာ တိုက်ပွဲ အသစ်တွေမရှိသေးဘူးလို့ အင်္ဂါနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ကြာသပတေးနေ့က နယ်စပ်တိုက်ပွဲတွေ စတင်ဖြစ်ပွားပြီးနောက်ပိုင်း လမ်းမတွေပေါ်မှာ အရပ်သာတွေ သွားလာမှုမှာမရှိတော့ပဲ စစ်ကားတွေသာသွားလာနေကြပေမယ့် အခုအခါမှာတော့လမ်းမတွေပေါ်ကို ကားတွေနဲ့ ဆိုင်ကယ်တွေ ပြန်လည်ရောက်ရှိလာခဲ့ကြပြီလို့လည်း သိရပါတယ်။