(ပြည်တွင်း) ဇူလိုင် ၂၉
မွန်ပြည်နယ် သထုံမြို့နယ်အတွင်း မိုးကြီးရေလျှံမှုတွေဖြစ်ပွားနေတာကြောင့် စာသင်ကျောင်းတွေအတွင်း ရေဝင်နစ်မြုပ်မှုတွေဖြစ်ပွားနေလို့ စာသင်ကျောင်း ၂ ကျောင်းကို ခေတ္တပိတ်ထားရတယ်လို့ သိရပါတယ်။

ဇူလိုင်လ ၂၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်က သထုံမြို့နယ်တွင်မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် စခန်းကြီးကျေးရွာအုပ်စု၊ ညောင်ချောင်းကျေးရွာ၊ အမကကျောင်းအတွင်း ရေ ၁ ပေခန့်ဝင်ရောက်လာတာကြောင့် ခေတ္တကျောင်းပိတ်ထားရတာဖြစ်တယ်လို့သိရပါတယ်။
အဆိုပါကျောင်းမှာ KGတန်းမှ Grade-5 အထိကျောင်းသား/သူ ၁၉၀ဦး ပညာသင်ကြားနေတယ်လို့ သိရပါတယ်။
အဲဒီနည်းတူပဲ သထုံမြို့နယ် ဒူရင်းဆိပ်ကျေးရွာက စာသင်ကျောင်းတစ်ကျောင်းဟာလည်း ရေဝင်နစ်မြုပ်မှုတွေဖြစ်ပေါ်လာတာကြောင့် ခေတ္တပိတ်ထားရတယ်လို့ သိရပါတယ်။

ဒီနေ့ ညနေ ၄ နာရီအချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု့ကြောင့် သထုံမြို့၊ မြသပိတ်ဘုရားလမ်း၊ နန်းခဲရပ်ကွက်က လုံးပတ် ၄ ပေ ပတ်လည် ၊ အမြင့် ပေ ၇၀ ခန့်ရှိတဲ့ ညောင်ပင်မှာ အမြစ်ကနေ ပြိုလဲကျသွားတာကြောင့် ဒေသအာဏာပိုင်တွေနဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေက ခုတ်ထွင်ရှင်းလင်းမျုတွေပြုလုပ်နေပြီး လူ/တိရိစ္ဆာန်ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။
#PAN