
(မှုခင်း) ဇူလိုင် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် ဇူလိုင်လ ၂၃ ရက်နေ့က ဒေသတွင်း Local PDFအဖွဲ့နှင့် MOD လက်အောက်ခံ PDF အဖွဲ့တို့ အပြန်အလှန်ဖမ်းဆီး သတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
MODလက်အောက်ခံ မြို့နယ်အဆင့်PDFအဖွဲ့၏ ယာယီဘဏ္ဍာရေးတာဝန်ခံ ဗိုလ်လက်ယျာ” ခေါ် မောင်တူးကို ဆားလင်းကြီးLocal PDFအဖွဲ့က သတ်ဖြတ်ခဲ့သဖြင့် Local PDFအဖွဲ့ဝင် ၂ ဦးကို ဖမ်းဆီးပြီး လက်စားချေသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ Local PDFအဖွဲ့ကလည်း MODလက်အောက်ခံ PDFအဖွဲ့ဝင် ၃ ဦးကို ထပ်မံဖမ်းဆီးပြီး သတ်ဖြတ်လိုက်ကြောင်း၊ ထိုသို့ အပြန်လှန်ဖမ်းဆီးသတ်ဖြတ်မှုတွေ အရှိန်မြင့်လာသော်လည်း NUGအဖွဲ့က ယခုအချိန်ထိ နှုတ်ဆိတ်နေကြောင်း သိရသည်။
ဆက်လက်ပြီး ဒေသခံပြည်သူများ၏ ပြောကြားချက်အရ ချင်းပြည်တွင် ၎င်းတို့၏ မူးယစ်ဆေးဝါးအဖမ်းခံရမှုနှင့် ဆက်စပ်ပြီး ယခုလိုနောက်ဆက်တွဲပြသနာတွေ ကြီးထွားလာခြင်း ဖြစ်ကြောင်း သိရသည်။