ကျိုက်မရောမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

(ပြည်တွင်း) ဇူလိုင် ၂၅

ကျိုက်မရောမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများ၏  ပင်စင်လစာများ လိမ်လည်ထုတ်ယူခြင်းမှ ကင်းဝေးနိုင်စေရန်နှင့် လူပုဂ္ဂိုလ်မှန်ကန်မှု ရှိ၊ မရှိစိစစ်နိုင်စေရန်  ကျိုက်မရောမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်မာမာလွင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်နှင့် ဝန်ထမ်းများက ဇူလိုင်လ (၂၃)ရက်နေ့ နံနက်ပိုင်းတွင် ပင်စင်လစာ ထုတ်ပေးလျက်ရှိသည့် မြန်မာ့စီးပွားရေးဘဏ်ခွဲသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အငြိမ်းစားဝန်ထမ်းများအနေဖြင့် မှတ်ပုံတင်ကတ်နှင့် ပင်စင်ကတ်တို့ကို ယူဆောင်လာရန် လိုအပ်မည်ဖြစ်ပြီး  ဇူလိုင်လ(၂၁)ရက်နေ့မှ ဇူလိုင်လကုန်အထိ နေ့စဉ်နံနက်(၉)နာရီမှ  ညနေ(၄)နာရီအတွင်း UIDကတ်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။