အမြန်လမ်းမကြီးမှာ ၆ လအတွင်း ယာဉ်မတော်တဆမှုပေါင်း ၉၄ ခု ဖြစ်ပွားခဲ့


(မှုခင်း) ဇူလိုင် ၁၁

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာ ၆ လအတွင်း ယာဉ်မတော်တဆမှုပေါင်း ၉၄ ခု ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သိရပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ အမြန်လမ်းမကြီးတစ်လျှောက်တွင် ယာဉ်မတော်တဆမှုပေါင်း ၉၄ ခု ဖြစ်ပွားခဲ့ကာ အမျိုးသား ၁၁၉ ဦး၊ အမျိုးသမီးဦးရေ ၁၀၀ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးအနေဖြင့် သိန်းပေါင်း ၄,၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။

ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုဖြစ်စဉ်အများစု သည် မဆင်မခြင်အရှိန်ပြင်းမောင်းနှင်မှုကြောင့် ပိုမိုများပြားခဲ့ပါတယ်။

ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး တစ်လျှောက်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန်အတွက် သတ်မှတ်အရှိန်နှုန်းထက် ကျော်လွန် မောင်းနှင်တဲ့ မော်တော်ယာဉ်များကို အမြန်လမ်းမကြီးရဲတပ်ဖွဲ့က အရှိန်နှုန်းတိုင်းတာစက်များနဲ့ တိုင်းတာစစ်ဆေး အရေးယူနေကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN