(နိူင်ငံတကာ) ဇူလိုင် ၁၁

အမေရိကန်နိုင်ငံသည် ယူကရိန်းနိုင်ငံသို့ အမြောက်ဆန်များနှင့်ဒုံးကျည်များကို ပြန်လည်ပေးပို့နေကြောင်း အမေရိကန်စစ်ဘက်သတင်းအရင်းအမြစ်များ၏ပြောဆိုချက်ကိုကိုးကား၍ ဒေသတွင်းသတင်းဌာနများက ဇူလိုင် လ ၁၀ ရက်တွင် ဖော်ပြထားသည်။
အမေရိကန်အစိုးရသည် ယူကရိန်းသို့ လက်နက်ခဲယမ်းများပေးပို့နေမှုကို ရက် အနည်းငယ်မျှသာဆိုင်းငံ့ပြီးနောက် ယခုကဲ့သို့ ပြန်လည်ပေးပို့လာခြင်းဖြစ်သည်။
လက်ရှိ ပေးပို့နေသည့် ခဲယမ်း များတွင် ၁၅၅ မီလီမီတာအမြောက်ဆန်များနှင့်အတွဲလိုက်ပစ်ဒုံးကျည်စနစ်အတွက် ပဲ့ထိန်းဒုံးကျည်များ ပါဝင်ကြောင်း အမည်မဖော်လိုသူ အမေရိကန်အရာရှိများက ပြောထားသည်။
သို့သော် ခဲယမ်းအရေအတွက် မည်မျှပေးပို့သည်ကိုမူ ပြောထားခြင်းမရှိပေ။ အိမ်ဖြူတော်မှ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးဖြစ်သည့်အန်နာကယ်လီက ပင်တဂွန် သည် ယူကရိန်းသို့ လေကြောင်းရန် ကာကွယ်ရေးဒုံးကျည်များ၊ တိကျပဲ့ထိန်း ခဲယမ်းများပေးပို့မှုကို ဆိုင်းငံ့လိုက်ပြီဖြစ်ကြောင်း ဇွန်လ ၃၀ ရက်တွင်ပြောထားသည်။
ယူကရိန်း သမ္မတ ဗိုလိုဒိုမာဇီလန်စကီ က အမေရိကန်မှ ပတ်ထရီးယော့ဒုံးကျည်များကို တောင်းခံထားသော်လည်း ယင်း ဒုံးကျည်များမှာ အလွန်ဈေးကြီးသည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့် က ပြောထားကြောင်း Sputnik သတင်း ဌာနဖော်ပြချက်အရ သိရသည်။
Telegram»…
https://t.me/positiveanglenews