ဖားကန့်မြို့၊ ငှက်ပျောတောရပ်ကွက်သို့ KIA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် အကြမ်းဖက် PDF ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်


(ပြည်တွင်း) ဇူလိုင် ၁၀

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ငှက်ပျောတောရပ်ကွက်သို့ ဇူလိုင်လ ၈ ရက်နေ့ ည ၉ နာရီ ၅၅ မိနစ်အချိန်ခန့်က KIA လက်နက်ကိုင်သောင်းကျန်း သူအဖွဲ့နှင့် အကြမ်းဖက် PDF ပူးပေါင်းအဖွဲ့က အများပြည်သူ ထိခိုက်စေရန်ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့‌ကြောင်း သိရသည်။

အဆိုပါရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရုံးဝင်းအတွင်းရှိသွပ်မိုး/ပျဉ်ကာ ၆ ခန်းတွဲ နေအိမ်လိုင်း ခန်းပေါ်သို့ လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် နေအိမ် လိုင်းခန်းအတွင်း နေထိုင်သူများဖြစ်ကြသည့် ဒေါ်မေရီဇင်အောင်၊ ၃၄ နှစ်တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး အဆိုပါရုံးမှယာဉ်မောင်းဖြစ်သူ ဦးသန်းထိုက်စိုး၊ ၃၃ နှစ်၊ ဒေါ်အေး အေးခိုင်၊ ၄၇ နှစ်နှင့် ဒေါ်နွဲ့ကြည်၊ ၆၂ နှစ် တို့သုံးဦးတွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများအသီးသီးရရှိခဲ့၍ သေဆုံး/ဒဏ်ရာရရှိသူများအား ဖားကန့်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ထားရှိကြောင်း သိရသည်။

ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူများ အေးချမ်းစွာနေထိုင်လျက်ရှိသော ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ အများ ပြည်သူသွားလာ လှုပ်ရှားနေသည့်နေရာများ၌ မိုင်းထောင်ဖောက်ခွဲခြင်းများအား ဆင်ခြင်တုံတရား ကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် နိုင်ငံ့ဝန်ထမ်းနှင့် မိသားစုဝင်များထိခိုက်ဒဏ်ရာ ရရှိမှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သောလုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့် လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN