

(ပြည်တွင်း) ဇူလိုင် ၁၀
ရွှေညဝါဆရာတော်နဲ့ စာရေးဆရာမောင်သာချိုတို့ဟာ ဒီနေ့မနက်မပိုင်းမှာပဲ အသီးသီးကွယ်လွန်သွားကြတယ်လို့ စာရေးဆရာအသိုင်းအဝိုင်းထံက သိရပါတယ်။
ပုဒ်မ ၅၀၅ – က နဲ့ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ စာရေးဆရာမောင်သာချိုနဲ့ ရွှေညဝါဆရာတော်တို့ဟာ ၂၀၂၂ ခုနှစ်နိုဝင်ဘာ ၁၇ ရက်နေ့က နိုင်ငံတော်အစိုးရကပေးတဲ့ လွှတ်ငြိမ်းချမ်းသာနဲ့ ရန်ကုန်အင်းစိန်ထောင်ကနေ ရွှေညဝါဆရာတော်နှင့် စာရေးဆရာမောင်သာချို ၅၀၅ က ၂ နှစ်တို့သည် ကိုမြအေး၊ NLD ရဲ့ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွန့်တို့နဲ့ အတူလွတ်မြောက်ခဲ့ကြတယ်လို့ သိရပါတယ်။
ရွှေညဝါဆရာတော်ကတော့ ဒီနေ့ မနက် ၂ နာရီ ၄၅ မိနစ်အချိန်ခန့်မှာ စမ်းချောင်းမြို့နယ်က အာရှတော်ဝင်ဆေးရုံမှာ အသည်းရောဂါနဲ့ ကွယ်လွန်သွားတာဖြစ်ပြီး စာရေးဆရာမောင်သာချိုကတော့ ဒီနေ့ မနက် ၈ နာရီအချိန်ခန့်က ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်က ပင်လုံဆေးရုံမှာ အသည်းရောဂါနဲ့ ကွယ်လွန်သွားကြတယ်လို့ သိရပါတယ်။
ဝါတော် ၄၀ သက်တော် ၆၁ နှစ်ရှိပြီဖြစ်တဲ့ ရွှေညဝါဆရာတော်ကိုတော့ မှော်ဘီမြို့နယ် ဘန်းဘွေးကုန်းကျေးရွာက ရွှေညဝါတောရသာသနာပြုကျောင်းတိုက်ကို ပြန်လည်လည်ပင့်ဆောင်ထားပြီး စာရေးဆရာ မောင်သာချိုကတော့ ကွယ်လွန်ချိန်မှာ အသက် ၆၇ နှစ်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။