(ပြည်တွင်း) ဇူလိုင် ၈

ငလျင်ကဲ့သို့ သဘာဝဘေးဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးမှုများအတွက် အာမခံထားရှိခြင်းက မိသားစု အနာဂတ်ဘဝလုံခြုံမှုကို အထောက်အပံ့ကောင်းများရရှိနိုင်တဲ့အတွက် ရန်ကုန်မြို့ရှိ အထပ်မြင့်ကွန်ဒိုများမှာ နေထိုင်သူများက အာမခံထားရှိမှုတွေ ပြုလုပ်လာကြကြောင်း ရန်ကုန်မြို့ မြန်မာ့အာမခံလုပ်ငန်းမှ သိရပါတယ်။
မြန်မာ့အာမခံလုပ်ငန်းနှင့် ပုဂ္ဂလိကအာမခံလုပ်ငန်းများက မန္တလေးငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများမှာ အာမခံထားရှိတဲ့ အဆောက်အအုံ၊ ယာဉ်များနှင့် အသက်အာမခံတို့အတွက် လျော်ကြေးများပေးအပ်လျက် ရှိပါတယ်။
မန္တလေးငလျင်ကြောင့် ရန်ကုန်မြို့ရှိ အထပ်မြင့်ကွန်ဒိုအချို့မှာ အခန်းနံရံများ အက်ရာ၊ အက်ကြောင်း ဖြစ်ပေါ် မှုများရှိခဲ့ရာ အာမခံထားရှိတဲ့ ကွန်ဒိုနေထိုင်သူများက အာမခံရရှိခဲ့ကြတဲ့အတွက် အထပ်မြင့်ကွန်ဒိုများမှာ နေထိုင်ကြ သူများအနေနဲ့ သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးမှုများအတွက်ပါ အာမခံထားရှိလာကြကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews