(ပြည်တွင်း) ဇူလိုင် ၇

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ သက်ဆိုင်ရာမြို့နယ်ရုံးတွေမှာ Smart Card မပြုလုပ်ရသေးတဲ့ အငြိမ်းစားမိဘပြည်သူတွေကိုလည်း ပင်စင်လစာတွေ ဆက်လက်ထုတ် ပေးမယ်လို့ မြန်မာ့စီးပွားရေးဘဏ်က အသိပေးထားပါတယ်။

အငြိမ်းစားပင်စင်စားကြီးတွေ ပင်စင်ထုတ်ယူရာမှာ လဝက စမတ်ကတ်လို့ခေါ်တဲ့ Unique Identification Number (UID) QR ကုဒ်ပါပြသရမှာြဖစ်လို့ အသက်ကြီးပင်စင်စားတစ်ချို့နဲ့ မသန်စွမ်းတော့တဲ့ ပင်စင်စားတွေ စမတ်ကဒ်ပြုလုပ်ရာမှာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ PAN သတင်းရေးသား(https://t.me/positiveanglenews/36335 )ဖော်ြပပြီးနောက် မြန်မာ့စီးပွားရေးဘဏ်က အခုလို အသိပေးပန်ကြားချက် ထုတ်ပြန်လာတာဖြစ်ပါတယ်။
မြန်မာ့စီးပွားရေးဘဏ်က အငြိမ်းစားမိဘပြည်သူတွေကို အသိပေးပန်ကြားချက်မှာတော့ ပင်စင်လစာထုတ်ယူရာမှာ အငြိမ်းစားတွေရဲ့ ပင်စင်လစာလိမ်လည်ထုတ်ယူခြင်းက ကင်းဝေးနိုင်စေဖို့ အတွက် လူပုဂ္ဂိုလ်မှန်ကန်မှု ရှိ-မရှိ စိစစ်နိုင်ဖို့နဲ့ ခေတ်မီနည်းပညာအသုံးပြုနိုင်ဖို့ မြန်မာ့စီးပွားရေးဘဏ်ရဲ့ Centralized e-Pension စနစ်နဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့ အင်အားဝန်ကြီးဌာနရဲ့ e-ID စနစ်တို့ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ သက်ဆိုင်ရာမြို့နယ်ရုံးတွေက ထုတ်ပေးထားတဲ့ UID နံပါတ်တွေ Centralized e-Pension Program မှာ ထည့်သွင်းဖို့ တောင်းခံရတာဖြစ်တယ်လို့ပြောပါတယ်။
Smart Card ရရှိပြီးတဲ့ အငြိမ်းစားတွေက မြန်မာ့စီးပွားရေးဘဏ်ကို မိမိတို့ရဲ့ Smart Card မိတ္တူတွေယူဆောင်ပေးဖို့နဲ့ Smart Card မရရှိသေးသောအငြိမ်းစားတွေအနေနဲ့ လူဝင်မှု ကြီးကြပ် ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ သက်ဆိုင်ရာမြို့နယ်ရုံးတွေမှာ Smart Card ရရှိရေးဆောင်ရွက်ပေးဖို့ကိုလည်း မြန်မာ့စီးပွားရေးဘဏ်က မေတ္တာရပ်ခံထားပါတယ်။
Telegram»…
https://t.me/positiveanglenews