(နိုင်ငံတကာ) ဇူလိုင် ၃

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထိုင်းဘုရင့်နန်းတော်မှာ ဒီနေ့ ဇူလိုင် ၃ ရက်နေ့မနက်ပိုင်းကပြုလုပ်တဲ့ ကျမ်းသစ္စာကျိန်ဆိုကို ထိုင်းဝန်ကြီးချုပ်ကနေဆိုင်းငံ့ခံထားရတဲ့ ပေထုန်တန်ရှင်နာဝပ်ဟာ ယဉ်ကျေးမှုဝန်ကြီးအဖြစ်နဲ့ တက်ရောက်လာတာတွေ့ရတယ်လို့ ထိုင်းသတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။
ပေထုန်တန်အပါအဝင် ထပ်မံဖွဲ့စည်းလိုက်တဲ့ အစိုးရအဖွဲ့သစ်မှာပါဝင်တဲ့ ယာယီဝန်ကြီးချုပ်ဖြစ်တဲ့ ယခင်ဒုဝန်ကြီးချုပ်နဲ့ ပို့ဆောင်ရေးဝန်ကြီး မစ္စတာ ဆူရီယာနဲ့ ဝန်ကြီးတွေရဲ့ကျမ်းသစ္စာကြိမ်ဆိုပွဲကို ထိုင်းဘုရင်မင်းမြတ်နဲ့မိဖုရားတို့ တက်ရောက်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့လက ကမ္ဘောဒီယားလွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်နဲ့ ပေထုန်တန်တို့ နယ်စပ်အရေးဆွေးနွေးပြောကြားခဲ့တဲ့ အသံဖိုင်ပေါက်ကြားမှုအပေါ် ထိုင်းနိုင်ငံအတွင်း ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီးနောက် ဝန်ကြီးချုပ်အဖြစ်နှုတ်ထွက်ပေးဖို့ ဖိအားပေးခံရထားရတာဖြစ်ပါတယ်။
ပေထုန်တန်ဟာ ဝန်ကြီးချုပ်အဖြစ်မှနှုတ်ထွက်ဖို့ ဖိအားပေးခံနေရပေမယ့် Royal Gazette ကထုတ်ပြန်တဲ့ အစိုးရအဖွဲ့သစ်မှာ ဝန်ကြီးချုပ်နဲ့ ယဉ်ကျေးမှုဝန်ကြီးရာထူးကို ပူးတွဲတာဝန်ယူရန် တာဝန်ပေးအပ်ထားခြင်းခံထားရတယ်လို့လည်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews