(ပြည်တွင်း) ဇူလိုင် ၂

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောင်ကြီးရပ်ကွက်၌ PDF သင်တန်းဆင်း ၂ ဦး အား ဖမ်းဆီးရမိကြောင်း သိရသည်။

ယမန်နေ့နံနက် ၇ နာရီခွဲအချိန်ခန့်က တောင်ကြီးရပ်ကွက်တွင် PDF ၂ ဦးရောက်ရှိနေကြောင်း သတင်းအရ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ရာ ရဲလင်းထွန်း(ခ)ဆင်ရိုင်း၊ (ဘ)ဦးဇော်ဇော်လတ်၊ ၁၉ နှစ်နှင့် စိုးလေးမောင်(ခ)ဖျံလေး၊ ၁၆ နှစ်၊ (ဘ)ဦးခင်မောင်မြင့်၊ အမရပူရမြို့နယ်၊ တောင်ကြီးရပ်ကွက် နေသူ ၂ ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။
၎င်းတို့ ၂ ဦးမှာ ၂၄-၅-၂၀၂၅ ရက်နေ့တွင် အမည်မသိ Tik Tok အကောင့်ဖြင့် သံပန်းလုပ်ရန် ဆက်သွယ်လာမှုအရ ၄-၆-၂၀၂၅ ရက်နေ့တွင် စစ်ကိုင်း/မန္တလေး လမ်းဘေး ငယ်တိုးကျေးရွာရှိ “Ok” စက်သုံးဆီအရောင်းဆိုင်အနီး စောင့်ဆိုင်းနေစဥ်လိုင်းကားတစ်စီးမှ လာရောက်ခေါ်ဆောင်သွားပြီး မြင်းမူမြို့နယ်အတွင်း အမည်မသိ ရွာတစ်ရွာသို့ရောက်ရှိခဲ့ကြောင်း၊ ထိုသို့ ရောက်ရှိ ပြီးနောက် ဇေယျာရွှေမြေ PDF အကြမ်းဖက် စခန်းတစ်ခုသို့ ခေါ်ဆောင်သွားကာ ရေခပ်/ထင်းခွေ/ကင်းစောင့် တာဝန်များခိုင်းစေခံခဲ့ရပြီး ၄ ရက်မြောက်နေ့တွင် စတင်၍ စစ်သင်တန်းပေးခဲ့ ကြောင်း၊ ၎င်းတို့ ၂ ဦးမှာ ၎င်းအလုပ်ကိုမနှစ်သက်သဖြင့် ၂၈-၆-၂၀၂၅ ရက်နေ့တွင် ၎င်းစခန်းမှ ပြန်လည်ထွက်ပြေးလာခဲ့ခြင်းကြောင်းသိရပြီး၊ သက်ဆိုင်ရာမှ ၎င်းတို့ ၂ ဦးအား ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews