အသက် ၆၂ နှစ်အရွယ်အမျိုးသမီးကို ကိုယ်ထိလက်ရောက်ကျူးလွန်တဲ့ ရာအိမ်မှူးမိသားစုကို အရေးယူထားဟုဆို

(မှုခင်း) ဇွန် ၃၀

ရန်ကုန်တိုင်း၊ လှည်းကူးမြို့၊ လှည်းကူးမြို့၊ မြို့မရပ်ကွက်(၈/၁)၊ ရပ်ကွက်ရုံးအတွင်းမှာ ရာအိမ်မှူးမိသားစုက အသက် ၆၂ နှစ်အရွယ် ဒေါ်စန်းဌေးကို အုပ်ချုပ်ရေးမှူးရှေ့မှာ ကိုယ်ထိလက်ရောက် ကျူးလွန်မှု ပြုလုပ်ခဲ့တာနဲ့ပတ်သက်ပြီး ကျူးလွန်သူတွေကို ဥပဒေနဲ့အညီအရေးယူထားတယ်လို့ သိရပါတယ်။

ရာအိမ်မှူးမိသားစုက ဒေါ်စန်းဌေးအပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တဲ့တာကြောင့် ဒေါ်စန်းဌေးက ဇွန်လ ၂၅  ရက်နေ့မှာ လှည်းကူးမြို့ မရဲစခန်းမှာ အမှုဖွင့်လှစ်ခဲ့ပြီး ရဲစခန်းက (ပ)၁၁၇/၂၀၂၅ ရာဇသတ်ကြီးပုဒ်မ ၃၅၄/၃၂၅/၂၉၄/၅၀၆ နဲ့ ရာအိမ်မှူး ဦးဉာဏ်သင်း ပါ (၄) ဦးအားအမှု့ဖွင့်ခဲ့ကာ ဥပဒေနဲ့အညီအရေးယူဆောင်ရွက်ထားရှိသလို ရာအိမ်မှူး ဦးဉာဏ်သင်း ကိုလည်း ဇွန် ၂၅ ရက်နေ့မှစပြီး ရာအိမ်မှူးတာဝန်ကနေ ရပ်စဲထားပြီးဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောပါတယ်။

“ဒေါ်စန်းဌေးက သား၄ယောက် မိခင်ဖြစ်ပြီး သား ၃ယောက် မှာ တပ်မတော်သားတွေ ဖြစ်ပါတယ်။သား ၁ယောက်က ရခိုင်ပြည်နယ် မှာ ကျဆုံးခဲ့ပြီး သူ့ရဲ့ ဇနီး နဲ့ မိသားစုဝင်တွေက ရခိုင်ပြည်နယ် မှာ တပ်မတော် က မှီခိုမိသားစုတွေ ကို ရေယာဉ်တွေနဲ့ ခေါ်ဆောင်ချိန် စစ်သွေးကြွ AA ရဲ့ တိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရပါတယ်။ကျန် ၂ယောက်ကတော့ တပ်မတော် မှာ ဆက်လက်တာဝန်ထမ်းဆောင်ဆဲဖြစ်ပါတယ်။ ဒီလို ရပ်ကွက်ရုံးအတွင်း မှာ ရာအိမ်မှူးအပါဝင် ၎င်းရဲ့ မိသားစုဝင်တွေက  ဒေါ်စန်းဌေး  အပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်မှု အပေါ် တိုင်းအစိုးရအနေနဲ့ မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်သွားရန် ရှိပါသလဲ”ဆိုတဲ့ မီဒီယာတစ်ခုရဲ့ မေးခွန်းအပေါ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။

#PAN