(နိုင်ငံတကာ) ဇွန် ၃၀
၂၀၂၅ ခုနှစ် ဇူလိုင် ၁ ရက်ကနေ ဇူလိုင်လ ၂ ရက်နေ့အထိ အမေရိကန်ပြည်ထောင်စုမှာပြုလုပ်မှာဖြစ်ပြီး Quad အဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေတက်ရောက်နေတယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ Quad အစည်းအဝေးမှာ ပဏာမခြေလှမ်းတွေအဖြစ် အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေကို အဓိကထား လုပ်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။
အိန္ဒိယ၊ အမေရိကန်၊ ဂျပန်နဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဇန်နဝါရီ ၂၁ ရက်က ဝါရှင်တန်ဒီစီမှာ နောက်ဆုံးကျင်းပခဲ့တဲ့ Quad နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး Quad ဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး တိုးတက်မှုတွေကို ပြန်လည်သုံးသပ်ဆွေးနွေးကြမှာဖြစ်သလို ကမ္ဘာလုံးဆိုင်ရာနဲ့ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုတွေကိုလည်း ဆွေးနွေးသွားကြဖို့ရှိနေတယ်လို့ သိရပါတယ်။
Quad ခေါင်းဆောင်များအစည်းအဝေးကို အခုနှစ်နှောင်းပိုင်းမှာ အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ရှိနေပြီး အဲ့ဒီအစည်းအဝေးမတိုင်မီ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ မျှော်လင့်ထားတယ်လို့လည်း သိရပါတယ်။
#PAN