နော်ဝေနိုင်ငံ Eurojackpot ကနေ ထီပေါက်ကြောင်း ကြောင်းကြားစာ လူပေါင်း ၇၀၀၀ လောက်အထိ လက်ခံရရှိ


(နိုင်ငံတကာ) ဇွန်လ ၃၀

နော်ဝေနိုင်ငံမှာ နိုင်ငံပိုင်လောင်းကစားကုမ္ပဏီတစ်ခုဆီကနေ အကြောင်းကြားစာတွေ ရောက်လာခဲ့ပြီးနောက် နော်ဝေနိုင်ငံသားအများအပြားဟာ သူတို့သန်းကြွယ်သူဌေးတွေဖြစ်ပြီလို့တွေးကာ ပျော်ရွှင်ခဲ့ကြပါတယ်။

Eurojackpot ကနေ ထီပေါက်တယ်လို့ အကြောင်းကြားခဲ့တာဖြစ်ပြီး လူပေါင်း ၇၀၀၀ လောက်အထိ လက်ခံရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဒါဟာ မှားယွင်းတွက်ချက်မိခဲ့တာဖြစ်ပြီး Norsk Tipping ကုမ္ပဏီက ဆုကြေးပမာဏကို ၁၀၀ နဲ့ စားရမယ့်အစား ၁၀၀ နဲ့ မြှောက်ခဲ့မိတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအမှားကြောင့် ကုမ္ပဏီ CEO Tonje က တောင်းပန်ပြီး တစ်ရက်အကြာမှာ ရာထူးကနုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။

ကုမ္ပဏီဟာ ဂျာမနီကနေ ဆုငွေပမာဏကို ယူရိုနဲ့ ရရှိခဲ့ပြီး နော်ဝေခရိုနာနဲ့ ပြောင်းလဲပေးကာ ထီပေါက်သူတွေကို ပြန်လည်ထုတ်ပေးတာလို့ သိရပါတယ်။

မှားယွင်းတွက်ချက်မိတဲ့နောက်မှာ ချက်ချင်းပဲ အမှန်ပြန်လည်ပြင်ဆင်ခဲ့ပြီး ဆုငွေတွေကိုလည်း မှားယွင်းပေးချေတာမျိုးမလုပ်ခဲ့ဘူးလို့ သိရပါတယ်။

ထီဆုငွေကြီးပေါက်တယ်လို့ ထင်မှတ်ခဲ့တဲ့ နော်ဝေသားတွေကတော့ စိတ်ပျက်သွားခဲ့ရတယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN