(ပြည်တွင်း) ဇွန်လ ၂၆

နစကဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က EAEU ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဘယ်လာရုစ်နိုင်ငံသမ္မတ H.E. Mr. Alexander Grigoryevich Lukashenko ၏ ဖိတ်ကြားချက်အရ မင့်စ်မြို့မှာ ကျင်းပမည့် စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ်(EEF 2025) တက်ရောက်ရန် ဇွန်လ ၂၅ ရက်နံနက်ပိုင်းက ဘယ်လာရုစ်နိုင်ငံသို့ အထူးလေယာဥ်ဖြင့် ထွက်ခွာခဲ့တယ်လို့ သိရပါတယ်။

ထိုသို့ထွက်ခွာခဲ့ရာ ညနေပိုင်းမှာ ရုရှားနိုင်ငံ၊ နိုဗာစီဗစ်မြို့၊ သာမာရှယ်ဗာလေဆိပ်သို့ရောက်ရှိရာ နိုဗာစီဗစ် ဒေသအုပ်ချုပ်ရေးမှူး Mr. Travnikov Ahdrey Aleksandrovich ကကြို ဆိုနှုတ်ဆက်ခဲ့တယ်လို့ သိရပါတယ်။
ထို့နောက် ၎င်းတို့နှစ်ဦးသည် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ၊ နိုဗာစီဗစ်ဒေသတို့ကြား အာဆီယံဒေသတွင်းနိုင်ငံများကြား စီးပွားရေး ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်နိုင်ရေး၊ လေကြောင်း ပြေးဆွဲမှုများမြှင့်တင်နိုင်ရေးနှင့် ခရီးသွားကဏ္ဍ မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီ့နောက် နစကဥက္ကဋ္ဌသည် နိုဗာစီဗစ်မြို့၊ သာမာ ရှယ်ဗာလေဆိပ်မှ တစ်ဆင့် ဘယ်လာရုစ်နိုင်ငံသို့ ဆက်လက်ထွက်ခွာရာ နိုဗာစီဗစ်ဒေသအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပို့ဆောင် နှုတ်ဆက်ခဲ့ကြတယ်လို့ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews