(နိုင်ငံတကာ) ဇွန် ၂၅

အစ္စရေး တိုက်လေယာဉ်များသည် ဇွန်လ ၂၄ ရက်တွင် အီရန်နိုင်ငံရှိ ရေဒါစနစ်ကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးတပ်မတော်ရေဒီယိုက ပြောကြားသည်။
ယခုတိုက်ခိုက်မှုသည် ၁၂ ရက် ကြာမြင့်ခဲ့သည့် အီရန်-အစ္စရေး စစ်ပွဲအတွက် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရရှိခဲ့ပြီးနောက် ဖြစ်ပွားခြင်းဖြစ်သည်။
၎င်းတိုက်ခိုက်မှု ကြောင့် အီရန်နိုင်ငံမြောက်ပိုင်း မာဇန်ဒါရမ်ပြည်နယ်ရှိ ဗယ်ဗိုစာမြို့တွင် ပေါက်ကွဲသံများကိုကြားခဲ့ရပြီး တာဝန်ရှိသူများက ကယ်ဆယ်ရေးဝန်ထမ်းများကို အခင်းဖြစ်နေရာသို့ စေလွှတ်ခဲ့သည်။
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပြီးနောက် အီရန်နိုင်ငံမှပစ်လွှတ်သည့် ဒုံးကျည်များ အစ္စရေးနိုင်ငံအတွင်းသို့ ကျရောက် လာကြောင်း အစ္စရေးက အတည် ပြုပြောကြားခဲ့ပြီး အပြန်အလှန်အားဖြင့် အပစ်အခတ် ရပ်စဲရေးမစတင်မီ မိနစ် ၉၀ ခန့်တွင် အစ္စရေးကပစ်လွှတ်သည့် ဒုံးကျည်များ အီရန်နိုင်ငံအတွင်းသို့ ကျရောက် ခဲ့ကြောင်း အီရန်က ပြောကြားခဲ့သည်။
အီရန်နိုင်ငံက ပစ်လွှတ်ခဲ့သည့် ဒုံးကျည်များကြောင့် ထိခိုက်သေဆုံးမှုများမရှိသော်လည်း အီရန်နိုင်ငံ၏ ဆောင်ရွက်ချက်အတွက် အင်အားသုံးတုံ့ပြန်မည်ဟု အစ္စရေး စစ်ဦးစီးချုပ် အီရယ်ဇီမီရာက ပြောကြားသည်။
အစ္စရေးတပ်ဖွဲ့အား တီဟီရန်ရှိ အုပ်ချုပ်ရေးဆိုင်ရာ ပစ်မှတ်များကို တိုက်ခိုက်ရန် အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကက်က ညွှန်ကြားခဲ့သည်။
ယခုကဲ့သို့ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်သည့်အတွက် နှစ်ဖက်စလုံး အား ထရမ့် က ပြစ်တင် ပြောကြားခဲ့သည်။
အမေရိကန်သမ္မတထရမ့်နှင့် ဆွေးနွေးခဲ့ပြီးနောက် အစ္စရေးအနေဖြင့် တိုက်ခိုက်မှုများ ထပ်မံဆောင်ရွက်မည်မဟုတ်ဟု နေတန်ယာဟု က ပြောကြားခဲ့သော်လည်း အစ္စရေး တိုက်လေယာဉ်များက အီရန်နိုင်ငံရှိ ရေဒါစနစ်အား တိုက်ခိုက်ခဲ့သည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။
Telegram»…
https://t.me/positiveanglenews