တရုတ်-အိန္ဒိယဆက်ဆံရေးက အပြုသဘောဆောင်ပြီး တိုးတက်လာမှုရှိဟု ဝမ်ယီပြော


(နိုင်ငံတကာ) ဇွန် ၂၅

တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ကြား ဆက်ဆံရေးသည် အပြုသဘောဆောင်ပြီး တိုးတက်လာမှုရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက အိန္ဒိယအမျိုးသားလုံခြုံရေး အကြံပေး အာဂျစ်ဒိုဗယ်နှင့် တွေ့ဆုံစဉ် ပြောသည်။

တရုတ်-အိန္ဒိယနယ်စပ်ရေးရာပြဿနာများအတွက် အထူးကိုယ်စားလှယ်တစ်ဦး ဖြစ်သည့် အာဂျစ် ဒိုဗယ် သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံများမှ အမျိုးသား လုံခြုံရေးအကြံပေးများအစည်းအဝေး သို့ တက်ရောက်ရန် တရုတ်နိုင်ငံ ပေကျင်းမြို့သို့ရောက်နေစဉ်ဝမ်ယီနှင့်တွေ့ဆုံခြင်း ဖြစ်သည်။

ထို့ပြင်တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် နှစ်နိုင်ငံအတွက် အကျိုးရှိစေမည့်ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများရရှိစေနိုင်သော အရေးကြီးသည့် ဘုံသဘောတူညီချက်များ အတိုင်း လိုက်နာကာ တစ်ဦး က တစ်ဦးကို အန္တရာယ်မဖြစ်စေသင့်ကြောင်း၊ တစ်ဦးနှင့်တစ်ဦးသည် ပြိုင်ဘက်သဘောမျိုးထက် မိတ်ဖက်များအဖြစ် နေထိုင်သွားသင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီကပြောထားသည်ဟု RT သတင်းဌာနဖော်ပြချက်အရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN