ရေးမှာ အသက် ၆၇ နှစ်အရွယ် အမျိုးသားတစ်ဦး ပစ်ခတ်သတ်ဖြတ်ခံရ

(မှုခင်း) ဇွန် ၂၅

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ စံပြကျေးရွာမှာနေထိုင်တဲ့ အသက် ၆၇ နှစ်အရွယ် အမျိုးသားတစ်ဦးကို အကြမ်းဖက်အုပ်စုတွေက လာရောက်ပစ်ခတ်သတ်ဖြတ်သါားတယ်လို့ သိရပါတယ်။

ပစ်ခတ်ခံရတဲ့ အမျိုးသားဟာ ဒီနေ့ ဇွန်လ ၂၅ ရက်နေ့ မနက် ၇ နာရီခွဲအချိန်ခန့်က စံပြရွာက သူရဲ့နေအိမ်အတွင်းမှာနေထိုင်နေစဉ် အကြမ်းဖက်အဖွဲ့တွေက လာရောက်ပစ်ခတ်သွားခဲ့တာဖြစ်တယ်လို့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် အဆိုပါ အမျိုးသားရဲ့ ဦးခေါင်းနဲ့ ရင်ဘတ်တွေမှာ ကျည်ဖောက်ဝင်ဒဏ်ရာတွေရရှိခဲ့ပြီး နေရာမှာတွင် သေဆုံးသွားခဲ့တာဖြစ်ပြီး သေဆုံးသူ အမျိုးသားရဲ့ရုပ်အလောင်းကို ရွှေဟင်္သာလူမှုကူညီရေးအသင်းက လမိုင်းဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ-ရွှေဟင်္သာလူမှုကူညီရေးအသင်း(မော့ကနင်)