(ပြည်တွင်း) ဇွန်လ ၂၅

ပြခန်းပေါင်း ၁၂၀ ခန့်ပါဝင်မည့် မြန်မာ့စိုက်ပျိုးရေးပြပွဲ (AGRI TECH MYANMAR 2025) ကို လာမည့် ဇွန်လ ၂၇ ရက်မှ ၂၉ ရက်အထိ ရန်ကုန်မြိုရှိ ရန်ကုန်ကွန်ဗင်းရှင်း စင်တာ(YCC)မှာ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ ပြပွဲအတွင်း စားသောက်ကုန်ဆိုင်ရာပြပွဲကြီး (Food & Beverage Myanmar )၊ ဟိုတယ်စားသောက်ဆိုင်နဲ့ ကဖေးဆိုင်ရာပြပွဲကြီး (HoReCa Myanmar 2025)နှင့် မြန်မာ့လျှပ်စစ်နှင့် စက်ပစ္စည်းဆိုင်ရာပြပွဲ (Myanmar Power & Machinery Shows) များကို ထည့်သွင်းပြသသွားမှာ ဖြစ်ပါတယ်။
ပြပွဲတွင် စိုက်ပျိုးရေးသုံးဆေးဝါးများ၊ မြေဩဇာနှင့်မျိုးစေ့များ၊ လယ်ယာသုံးထွန်စက်၊ ကောက်ရိတ်စက်များ၊ ရိတ်သိမ်းခြွေလှေ့စက်၊ ဂရင်းဟောက်စ်များ၊ အအေးခန်းစက်၊ ထုပ်ပိုးစက်၊ ဆန်စက်၊ ဆီစက်၊ မွေးမြူရေးအစာစက် ပစ္စည်း များနှင့် နည်းပညာများအပြင် လျှပ်စစ်ကဏ္ဍအတွက်လိုအပ်တဲ့ ထရန်စဖော်မာများ၊ ဂျင်နရေတာများ၊ ဆိုလာ စနစ်များ၊ ဆိုလာဝန်ဆောင်မှုလုပ်ငန်းများ၊ power bank၊ ဘက်ထရီများ၊ စားသောက်ကုန်ထုတ်လုပ်ငန်းများ၊ ဟိုတယ် စားသောက်ဆိုင်လုပ်ငန်းတွေမှာ မဖြစ်မနေလိုအပ်တဲ့ ထုတ်လုပ်မှုစက်ပစ္စည်းများကိုပါ ပြသသွားမှာဖြစ်တယ်လို သိရပါတယ်။
အဆိုပါပြပွဲကို Silver Sea International ကုမ္ပဏီမှ ကြီးမှူး၍ စိုက်ပျိုးရေးနည်းပညာအသစ်များ၊ ဝန်ဆောင်မှုနှင့် လယ်ယာသုံးစက်ပစ္စည်းများ ၊ မျိုးစေ့နှင့် မြေဩဇာ များအား တောင်သူများနှင့် လုပ်ငန်းရှင်များကို မိတ်ဆက်ပေးနိုင်ရန်၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန် ကုန်ကြမ်းနှင့် ကုန်ချောများကို ပြည်တွင်း/ပြည်ပ ဈေးကွက် တွင် ပိုမိုချိတ်ဆက်နိုင်ရန် စတဲ့ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
ပြပွဲအတွင်း စိုက်ပျိုးမွေးမြူရေးနှင့်အစားအသောက်ထုတ်လုပ်သည့် လုပ်ငန်းရှင်အချင်းချင်း၊ တောင်သူအချင်းချင်း တွေ့ဆုံ၍ အတွေ့အကြုံများကိုလည်း ဖလှယ်နိုင်မှာဖြစ်ကြောင်းလည်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews