(အားကစား) ဇွန်လ ၂၄

မန်ယူအသင်းဟာ ကင်မရွန်းတိုက်စစ်မှူး အမ်ဘူမို ရဲ့ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၆၀ အထိ တိုးမြှင့်ပြီး ထပ်မံကမ်းလှမ်းခဲ့ပါတယ်။
မန်ယူအနေနဲ့ အမ်ဘူမိုအတွက် ပေါင်သန်း ၆၀ အထိ အကုန်အကျခံ သုံးစွဲဖို့ရှိတယ်လို့ သတင်းများက ရေးသားခဲ့ပါတယ်။
အခုလအတွင်းမှာ ကနဦး ပေါင် ၄၅ သန်းအပြင် အပိုဆုကြေးပေါင် ၁၀ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ဘရန့်ဖို့ဒ်အသင်းက ပယ်ချခဲ့တာ ဖြစ်ပါတယ်။
ဘရန့်ဖို့ဒ်အသင်းဟာ အမ်ဘူမို ရဲ့ ပြောင်းရွှေ့ကြေးကို ပေါင် ၆၅ သန်းအထိ အလိုရှိနေတာကြောင့် မန်ယူအသင်းရဲ့ ထပ်မံကမ်းလှမ်းမှုဟာ ဘရန့်ဖို့ဒ်အသင်း မျှော်မှန်းထားတဲ့ ပမာဏနဲ့ နီးစပ်လာနေပြီဖြစ်ပါတယ်။
နှစ်ဖက်အသင်းအကြား အပြောင်းအရွှေ့အတွက် ကာလအတန်ကြာ ဆွေးနွေးခဲ့ပြီး ပြီးခဲ့တဲ့ရက်သတ္တပတ်အကုန်မှာ အပြောင်းအရွှေ့ ပိုနီးစပ်လာခဲ့ပါတယ်။
အမ်ဘူမို ကလည်း မန်ယူအသင်းအနေနဲ့ လာမယ့်ရာသီမှာ ဥရောပဝင်ခွင့်မရပေမယ့် ပြောင်းရွှေ့လိုနေတယ်လို့ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews