(နိုင်ငံတကာ) ဇွန်လ ၁၃

အစ္စရေးက အီရန်ရဲ့ IRGC ဌာနချုပ်ကို တိုက်ခိုက်တာကြောင့် အီရန်အစောင့်တပ်မှူး ဟိုစိန်ဆာလာမီ သေဆုံးခဲ့တယ်လို့ အီရန်နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။
အီရန် အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး ဟိုစိန်ဆာလာမီဟာ အစ္စရေးက လက်ဦးမှုရယူတိုက်ခိုက်တဲ့ ပထမနေ့ ဒီနေ့ ဇွန်လ ၁၃ ရက်နေ့မှာပဲ သေဆုံးသွားခဲ့ရတယ်လို့ သိရပါတယ်။
အီရန်ကတော့ ပြင်းထန်စွာလက်တုန့်ပြန်မယ်လိုကြိမ်းဝါးထားပါတယ်။
အီရန်ရဲ့ နျူကရီးယားနေရာတွေကို အစ္စရေးက ပြင်းပြင်းထန်ထန် ကျယ်ကျယ်ပြန့်ပြန့် စတင်လိုက်တာဖြစ်ပြီး အီရန်ဘက်က လက်စားခြေတုန့်ပြန်မှုကိုလဲ အစ္စရေးဖက်ကမျှော်လင့်ထားတယ်လို့လည်း ဆိုပါတယ်။
Telegram»…
https://t.me/positiveanglenews