ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးတွင် အီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေး


(ပြည်တွင်း) ဇွန်လ ၁၃

ရွေးကောက်ပွဲမှာအသုံးပြုမယ့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ကို ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ ပြည်နယ်အစိုးရရုံးမှာ ဇွန်လ ၁၁ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့်ပတ်သက်ကပြီး ပါဝါပွိုင့်နဲ့ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက် လာကြသူများက မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)နှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN